ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး အကျပ်အတည်းတစ်ရပ် ဖန်တီးနေတယ်လို့ ကုလသမဂ္ဂက ယနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအတွင်း စွပ်စွဲခဲ့ပြီး အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့သောနှစ်နှစ်ကျော်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေတွင်း သက်ဆင်းခဲ့ရပြီး အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူတာတွေ ပြန်လည်ပြုလုပ်ခဲ့ရတဲ့ အတိုက်အခံတွေအ ပေါ် သွေးထွက်သံယို ဖြိုခွင်းမှုတွေကြောင့် အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေက မျက်နှာစာအသီးသီးမှာ တိုက် ပွဲဝင်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားတွေကို အိုးအိမ်စွန့် ခွာစေဖို့ ကျေးရွာတွေကို အစုလိုက်အပြုံလိုက် မီးတင်ရှို့တာတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကို ငြင်းဆန်တာတွေကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ တိုးလာခဲ့ တယ်လို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာစစ်တပ်က “ဖြတ်လေးဖြတ်” နည်းဗျူဟာ အသုံးပြုပြီး ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ကြောက်မတ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ ခိုင်မာသော အရေးယူမှုတွေ အရေး တကြီး လိုအပ်နေပါပြီ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာတပ်ခ်က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

မြန်မာ့ပိုင်နက်နယ်မြေ ၇၇ ရာခိုင်နှုန်းခန့်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး မြန်မာကိုယ်စားလှယ်ရုံး အကြီးအကဲ ဂျိမ်းစ်ရိုဒီဟာဗာက ပြောပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အတိုက်အခံတွေကို နှိပ်ကွက်တာ ရပ်တန့်ဖို့ အစီရင်ခံစာက မြန်မာ နိုင်ငံရှိ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“အကျပ်အတည်း အဆုံးသတ်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာစစ်တပ်က စစ်ဆင်ရေး ဆောင်ရွက်တာတွေ ရပ်တန့်ရပါမယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား – Reuters

Ref; Myanmar junta has caused ‘perpetual human rights crisis’: UN report