ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က မတ်လ ၄ ရက် မနက် ၇ နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အင်အား ၇ ဦးခန့်ရှိ‌သည့် ရေဦးမြို့ ကြာပန်းဝိုင်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်များမှ ခင်ဦးမြို့နယ် အနောက်ဘက်မူးမြစ်တံတားပေါ်မှ အင်းပတ်ကျေးရွာကို ၆၀ မမဖြင့် ၂ လုံးပစ်ခတ်ခဲ့ကြောင်း Khin U Specialforce Organization -KSO အဖွဲ့ထံမှ သိရသည်။

“ရေဦးမြို့ ကြာပန်းဝိုင်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီ တပ်က မူးမြစ်တံတားအလယ်ကနေ ၆၀မမနဲ့ လှမ်းပစ်တာ အင်းပတ်ကွေ့ထဲက အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရဲ့ ခြေထောက်နဲ့ပေါင်တွေထိတယ်၊ အသက်၄၀ အရွယ်အမျိုးသမီးရဲ့ ကျောပြင်ကို ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်”ဟု Khin U Specialforce Organization- KSO အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အင်းပတ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာထဲတွင် ဒေသခံပြည်သူတွေမနေထိုင်တော့သဖြင့် ကျေးရွာ၏ ၃ ပုံ ၁ ပုံသာ နေထိုင်မှုရှိတော့သည်ဟု ဆိုသည်။

စစ်ကောင်စီက ယခင်ကလည်း လက်နက်ကြီးဖြစ် ပစ်ခတ်သဖြင့် အသက် ၈၀ အရွယ် အဖွားအို တစ်ဦးသေဆုံးခဲ့ပြီး မကြာခင်ရက်ကလည်း အသက် ၇၀ အရွယ် ၆၀ ကျော်အဖွားအိုနှင့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။

#ခင်ဦး #တိုက်ပွဲ #စစ်ကောင်စီ #လက်နက်ကြီး #ပြည်သူ #ထိခိုက်ဒဏ်ရာရ
#Ayeyarwaddy_Times