ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

မြန်မာစစ်တပ်သို့ စစ်လက်နက်တွေထောက်ပံ့တာ ရပ်ဆိုင်းဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ကုလသ မဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး စစ်ကောင်စီနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ဖို့ အာ ဆီယံအဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

အဆင့်အသီးသီးမှာ မြန်မာနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းဖို့ ကနေဒါနိုင်ငံအခြေ စိုက် ဒေသတွင်းတိုင်းပြည်တွေကို တိုက်တွန်းလိုက်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ လုပ်ဆောင်နေတဲ့ Associates to Develop Democratic Burma က ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အာဏာသိမ်းမှု ၆၁ နှစ်မြောက် နှစ် ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စာမျက်နှာ ၄၆ မျက်နှာပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က ဘုံသဘောတူညီချက် ၅ ရပ်ကို အလေးမထားယုံသာမက ပဋိ ပက္ခဒေသရှိ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ပြီး အကြမ်းဖက်မှုတွေ ကျူး လွန်ခဲ့ပါတယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ၊ လေယာဉ်ဆီတွေ ထောက်ပံ့ရာမှာ မပါဝင်ဖို့နဲ့ စစ်ကောင်စီနဲ့ လက် အောက်ခံလုပ်ငန်းတွေကို အာဆီယံအခြေစိုက် ငွေကြေးအဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့တာ တားဆီးမယ့် အစီအမံတွေ စဉ်းစားကြဖို့ အဆိုပါအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းယူတာကြောင့် မြန်မာနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့နဲ့ ပြည်သူ တွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့ အဆိုပါအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – Anadolu
Ref; ASEAN urged to end ‘security cooperation’ with Myanmar junta