ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့အမှတ် (၅) ရပ်ကွက် မရမ်းချိုလမ်းထောင့်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညက ဗုံးနှစ်လုံးတွေ့ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လမ်းသွားနေသူ လူငယ်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က လမ်းကိုပိတ်ပြီး ဗုံးကိုရှာတာဗုံးတွေက အဝေးထိန်း စနစ်ဆိုတော့ အဲ့ဒီနေရာမှာ တင်ဖောက်ခွဲပစ်လိုက်တာ။ ပြီးတော့ တစ်လမ်းလုံးကိုလဲ စစ်တပ်ကပတ်ဆဲနေတယ်။ ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးတစ်ယောက်ကိုဖမ်းပြီးရိုက်နှက်နေတာတွေ့တယ်”လို့ ပုသိမ်မြို့ခံ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။
ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက မရမ်းချိုလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ယာဥ်စစ်ဆေးတဲ့နေရာမှာ ဗုံး၂လုံးကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ် ခဲ့ပေမယ့် အောင်မြင်မှုမရှိတာကြောင့် ပြည်သူများအနေနဲ့ လမ်းပေါ်က ပစ္စည်းတွေ ကို ကောက်ယူခြင်းမပြုဖို့ လူမှုကွန်ရက်ကနေ သတိပေးချက် ထုတ်ပြန်ပြီးချိန်မှာ စစ်ကောင်စီတပ်တွေက ယခုလို လာရောက် ဖျက်ဆီး ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ လမ်းကိုပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး မရမ်းချိုလမ်းနဲ့ မဟာစေတီလမ်းထောင့်မှာတွေ့တဲ့ ဗုံးတစ်လုံးကိုဖျက်ဆီးခဲ့ပါတယ်။ နာရီ၀က်ခန့် အကြာမှာတော့ ပုသိမ်စည်ပင်ဥက္ကဋ္ဌအိမ်ရှေ့နားမှာ ဗုံးတစ်လုံးကို ဆက်လက်တွေ့ ရှိတာကြောင့် ထပ်မံ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်၊ အရန်မီးသတ်တွေဟာ မြို့မြပြောက်ကျားအဖွဲ့တွေ ယခု မစ်ရှင်ဖော်ဆောင်ဖို့စီစဥ်ထားတဲ့နေရာမှာ ညတိုင်းလိုလို သောက်စားမူးယစ်ပြီး ပြည်သူတွေကို စစ်ဆေးတာတွေပြုလုပ်နေတာလို့ ဒေသခံတွ ဆီကနေ သိရပါတယ်။
Photo-ပုသိမ်မှာစစ်ကောင်စီက ဖျက်ဆီးဖောက်ခွဲခဲ့သော ဗုံးအပိုင်းအစများ
#ဧရာ၀တီတိုင်း #ပုသိမ်မြို့ #ဗုံး၂လုံး #စစ်ကောင်စီတပ် #လမ်းသွားလူငယ် #ဖမ်းဆီး #Ayeyarwaddy_Times