ဧရာဝတ်ီတိုင်းမ်
ဖေဖော်ဝါရီလ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ဖေဖော်ဝါရီလအတွင်း ထွက်ပြေးတ်ိမ်းရှောင်နေရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို ပျူစောထီးတွေရဲ့ မိန်းမဖြစ်သူတွေက သယ်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကင်းတပ်ရွာမှာ အခြေချတပ်ဆွဲထားတဲ့ ပျူစောထီးတွေက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို ရှာဖွေပေးပြီး သူတို့ရဲ့ ဇနီးမိန်းမဖြစ်သူတွေက လာရောက်သယ်ယူနေတာလို့ သိရပါတယ်။
“ရွာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီးတော့ မီးရှို့တယ်။ ဒေသခံတွေကကြောက်လို့ထွက်ပြေးတော့ အိမ်ကပစ္စည်းတွေကို ပျူစောထီး ယောက်ျားတွေက ရှာဖွေတယ်။ အဖိုးတန်ပစ္စည်းဆိုရင် သူတို့မိန်းမတွေက သယ်သူသွားကြတယ်။ ဒီလ်ိုလုပ်နေတာကြာပါပြီ၊ အဲ့ဒီလုပ်ရပ်တွေက အင်မတန်ကို အောက်တန်းကျပြီး ယုတ်မာရိုင်းလွန်းပါတယ်” လို့ မော်လိုက်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ပျူစောထီးတွေရဲ့ အဓမ္မယူဆောင်မှုကို ခံနေရတဲ့
ကျေးရွာတွေမှာ တပ်ကုန်းရွာ၊ ယူးဝရွာ၊ မော်ကူးရွာ၊ ဝဲကသာရွာ၊ မကျည်းတန်ရွာနဲ့ တငါရွာ တို့ဖြစ်ကြတယ် လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် မော်လိုက်မြို့နယ်နဲ့ ထိစပ်နေတဲ့ ဖောင်းပြင်မြို့နယ်မှာချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ယာဥ်တွေပေါ်က ပစ္စည်းတွေကိုလည်း ဆယ်ကြောင်း ပျူစောထီးတွေကအဓမ္မ သိမ်းယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#မော်လိုက်မြို့ #ဒေသခံတွေရဲ့နေအိမ်တွေက
#ပစ္စည်းတွေကို #ပျူတွေရဲ့မိန်းမတွေကသယ်သူနေ
#Ayeyarwaddy_Times