ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းနေတဲ့ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံ ကိန်းတစ်ခုကို ဂျပန်အစိုးရက သင့်တော်သလို ကိုင်တွယ်မယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်က ရုပ်သံကထုတ်လွှင့်တဲ့ လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့ပါတယ်။

သင့်တော်တဲ့ အရေးယူမှု ပြုလုပ်မယ်လို့ ဝန်ကြီးချုပ် ကီရှီဒါရဲ့ လူထုကတိကဝတ်အတိုင်း နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဆိုပါတယ်။

ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Yokogawa Bridge Corp. က တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူးတံတားစီမံ ကိန်းနဲ့ပတ်သက်ပြီး အတိုက်အခံ လွှတ်တော်အမတ်တစ်ဉီးရဲ့ မေးမြန်းမှုကို အစိုးရခေါင်းဆောင်နှစ်ဉီးက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် သံမဏိစက်ရုံက အဆိုပါစီမံကိန်းအတွက် သံမ ဏိချောင်းတွေ ထောက်ပံ့ကာ အကျိုးဖြစ်ထွန်းနေတယ်လို့ ၂၀၂၁ ခုနှစ် မတ်လမှာ Myanmar Now သတင်းဌာန က ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း Yokogawa Bridge Corp. က အမေရိကန်အစိုးရ ရဲ့ အတည်ပြုချက်နဲ့ စီမံကိန်းအတွက် MEC သို့ ဒေါ်လာနှစ်သန်းဝန်းကျင် လွှဲပြောင်းပေးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကူညီရာရောက်တဲ့ ဝင်ငွေထောက်ပံ့မှုတွေကြောင့် အမေရိ ကန်၊ ဗြိတိန်၊ ဉရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက MEC နဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဉီးပိုင်လီမိ တက် (MEHL) တို့ကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ အလွန်အကျွံသတ်ဖြတ် မှု၊ နှိပ်စက်မှု၊ လူသားမဆန်သော ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှု တွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိပါတယ်။

အာဏာမသိမ်းမီကလည်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူသားမဆန်သော ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေးခဲ့ရပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြန်ပြန်ရချင်တယ်ဆိုပါက ကိုယ့် ကတိကို တည်သင့်ပြီး ခိုင်ခိုင်မာမာ အရေးယူသင့်တယ်လို့ HRW က ပြောပါတယ်။

ဂျပန်အစိုးရက MEC သို့ ငွေလွှဲပြောင်းတာ ရပ်တန့်ပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုမဟုတ်သော အကူအညီပေးအပ်မှု ရပ်ဆိုင်းကာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေအပေါ် ပစ်မှတ်ထား၍ စီးပွား ရေး ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ HRW က ဆိုပါတယ်။

ကိုးကား – HRW
Ref; Japan to ‘Appropriately Handle’ Project Benefiting Myanmar’s Military