ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်
ဧရာဝတီတိုင်း ၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ တိုက်အိမ်များ ဆေးသုတ်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး ၁ ပေ ၁၅၀၀ နှုန်း ကောက်ယူမည်ဖြစ်ကာ အိမ်စာရင်းများကို လိုက်လံကောက်ယူနေကြောင်း ဒေသခံများ ထံက သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ တိုက်အိမ်များ၏ အကျယ်ပေါ်မူတည်၍ ၁ ပေလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ကောက်ယူရန် စာရင်းများ ကောက်ခံနေခြင်း ဖြစ်ကြောင်းသိရသည်။
“စာရေးမတွေလည်းပါတယ်။ စည်ပင်ကလည်းပါတယ်။ တိုက်အိမ်တွေကို စာရင်း ကောက်ပြီ ဆေးသုတ်သုတ် မသုတ်သုတ် ၁ ပေကို ၁၅၀၀ ပေးရမယ်ပြောတယ်။ ရွာဘက်တွေမှာ အခု လိုက်ကောက်နေကြတယ်။ ကိုယ့်အိမ်နဲ့ ကိုယ်ဆောက်တာတောင် သူတို့ကို ပိုက်ဆံပေးနေရတယ်။ နောက်ဆို လူခွန်ပါပေးရမယ်ထင်တယ်” ဟု ပန်းတနော်မြို့နယ်မှ အသက် ၃၀ ကျော်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဦးသိန်းစိန်လက်ထက်က ကျေးရွာများတွင် တိုက်တာအဆောက်အဦးများကို ပေ သတ်မှတ်ပြီး ပိုက်ဆံကောက်ခံခဲ့ခြင်းများရှိခဲ့ပြီး လူထုကရွေးချယ်တင်မြှောက်ထားသည့် အစိုးရ လက်ထက်တွင် ကောက်ခံခြင်း မရှိတော့ဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် ယခုကဲ့သို့ ပြန်လည်ကောက်ခံခြင်းမျိုး ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသတွင်းအရင်း မြစ်များထံက သိရသည်။
#ဧရာ၀တီတိုင်း #ပန်းတနော်မြို့နယ် #စစ်ကောင်စီ #ဆေးသုတ် #ညွှန်ကြား #Ayeyarwaddy_Times