ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
ဧရာ၀တီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်က ပြည့်သူစစ်ခေါင်းဆောင်နဲ့ မဘသဥက္ကဌ ဖြစ်တဲ့ ကျော်တင့် ဆိုသူဟာ ဖေဖော်ဝါရီ ၂၄ရက်နေ့ နေ့လည်က သေနတ်နဲ့သုံးချက်အပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
” ၁၀ ရပ်ကွက်က Happy လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း ၀င်ပစ်သွားတာ၊ သေနတ်သံကတော့ ၃ ချက်တော့ကြားတယ်၊ သွေးတွေများကြီးပဲ အခြေနေမကောင်းဘူး၊ ရန်ကုန်ဆေးရုံကို ချက်ခြင်းပို့လိုက်တယ်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
သေနတ်ထိမှန်မှုကြောင့် ဦးကျော်တင့်ဦးရဲ့ပ လက်မောင်း ၊ ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့တယ်လို့သိရပြီး လာရောက်ပစ်ခတ်သူများ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ဦးကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပေမယ့်လက်မောင်းကိုသာထိမှန်ပြီး ဆေးရုံတက်ရောက်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
ကျော်တင့်ဦးဟာစစ်ကောင်စီရဲ့မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့မဘသ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#မော်လမြိုင်ကျွန်း #ပြည်သူ့စစ် #ခေါင်းဆောင် #ပစ်ခတ်ခံရ
#Ayeyarwaddy_Times