ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၉ ရက်

မနေ့က မဲဆွယ်စည်းရုံးဟောပြောနေချိန်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ဂျပန်ပြည်သူတွေက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းချခြင်း၊ ဆုတောင်းခြင်းများကို ပြုလုပ်နေပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းမှီ NLD ပါတီရဲ့ အရပ်သားအစိုးရနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ တိုးတက်အောင် အဘက်ဘက်က ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Image၊ Reuter၊ NewYork Post