ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်
ပြည်တွင်းစစ်နဲ့ အာဏာသိမ်းမှုအလွန် စီးပွားရေးအကျပ်အတည်းကြောင့် မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ လူဉီးရေ ၁၈ သန်းနီးပါးဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၅ သန်း ကျော်အထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အငြင်းပွားဖွယ်ရာ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်မှာ ဝေဖန်မှုတွေ ခံနေရပါတယ်။
“ဒီနှစ်အတွင်း မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လူဉီးရေ ၁၈ သန်းနီးပါးဟာ လူသားချင်းစာနာမှု အကူ အညီ လိုအပ်နေပြီး ပဋိပက္ခတွေက တိုင်းပြည်တစ်ဝန်း ပြည်သူတွေရဲ့အသက်အိုးအိမ်ကို ဆက်လက်ပြီး ခြိမ်း ခြောက်နေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရာမာနာသန်ဘလာခရစ်ရှ် နန်က ပြောပါတယ်။
ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ ဒေသအသီးသီးမှာ အကူအညီပေးနိုင်ဖို့ နည်း လမ်းအမျိုးမျိုး အသုံးပြုနေပြီး ၂၀၂၂ ခုနှစ်အတွင်း ပြည်သူလေးသန်းကျော်ကို ပံ့ပိုးကူညီနိုင်ခဲ့တယ်လို့ သူက ဆိုပါ တယ်။
မြန်မာနိုင်ငံပြင်ပရှိ ဒုက္ခသည်တစ်သန်းကျော်မှာလည်း အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ တဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။
တရုတ်နဲ့ရုရှားက အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနဲ့ အခြားအကူအညီတွေ တိုးမြှင့်ပေးနေချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက မြန်မာ့အရေးကို လက်ရှောင်လာကာ အာဆီယံအဖွဲ့ကို မြန်မာ့အရေးဖြေရှင်းဖို့ ဉီးဆောင် ခွင့်နေရာ လွှဲပေးခဲ့ပါတယ်။
အာဆီယံက ကုလသမဂ္ဂ၊ အခြားအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဆောင်ရွက်မယ်ဆိုရင် အကူအညီပေးတာ ပိုမို ထိရောက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း လာတီရှားဗန်ဒန်က ပြောပါ တယ်။
ကိုးကား – IPS
UN Hobbled by Junta and Under Pressure Over Myanmar Aid Crisis