ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၂ ရက်

ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားကို မထောက်ခံဖို့ သူ့တိုင်းပြည်အတွက် အရေးကြီးတယ်လို့ သမ္မတ ဇီ လန်စကီးက ပြောကြားလိုက်ပါတယ်။

ဂျာမနီသတင်းစာ Die Welt က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ မနေ့က အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာ မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ယူကရိန်းနိုင်ငံဘက်မှာ ရပ်တည်စေလိုပေမယ့် လက်ရှိအချိန်မှာ ခက်ခဲမယ်လို့ ယုံကြည် ကြောင်း ဇီလန်စကီးက ပြောပါတယ်။

တရုတ်က ရုရှားနဲ့ မဟာမိတ်ပြုမယ်ဆိုရင် ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတာ တရုတ်နိုင်ငံက သတိထားမိလိမ့် မယ်လို့ သူထင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

တရုတ်နိုင်ငံက ရုရှားသို့ စစ်ရေးအကူအညီပေးတဲ့ မည်သည့်လက္ခဏာမှ သူမတွေ့ဘူးလို့ ဇီလန်စကီးက ပြောပါတယ်။

တရုတ်က ရုရှားသို့ စစ်လက်နက်ထောက်ပံ့ဖို့ စဉ်းစားနေတာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှု ကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်က ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy calls on China not to provide military support to Russia

#Ayeyarwaddy_Times