ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

ဧရာဝတီတိုင်းတွင် အချို့သော ငါးမျိုးစိတ်များ မျိုးတုန်း လုနီးပါးဖြစ်နေပြီး ငါးခြောက်စျေးမှာ ဆန်စျေးနှင့် ဆတူတတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်သတ်ထားသည့် ငါးဖမ်းကိရိယာများဖြင့် အလွန်ကျွံငါးဖမ်းခြင်း၊ လျှော့တိုက်ငါးဖမ်းခြင်းများကြောင့် ဧရာဝတီတိုင်းတွင် ငါးမျိုးစိတ်တစ်ချို့မှာ မျိုးတုန်းလုနီးပါးဖြစ်နေကြောင်း ဒေသခံများမှ ပြောသည်။

” အရင်အရပ်သားအစိုးရလက်ထက်မှာ ဘေးမဲ့ ဧရိယာဆိုတာရှိတယ် သတ်မှတ်ထားတယ်၊ အခုက လူတွေလည်း ငတ်လာတယ်၊ ငတ်တော့ မရရတဲ့နည်းနဲ့ရှာတယ် လျှော့တိုက်တယ် ၊ ဆေးချတယ် ဒါကြောင့် ငါးမျိုးတွေ တုန်းလုနီးပါးအထိဖြစ်သွားပြီ၊ အချို့နေရာတွေမှာ ငါးရှာလို့အရှင်းမရတဲ့နေရာတွေအထိရှိနေတယ်”ဟု ငါးဦးစီးဌာန CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ငါးရစ်၊ ငါးသန် ကာလမှာလည်း လူတွေက အဖမ်းဆီးမရှိတော့ ဖမ်းချင်သလိုဖမ်းခဲ့သဖြင့် အခုချိန်တွင် အင်းသမားတွေလည်းရှုံးပြီး နောက်နှစ်တွင် ဒီထက်ပိုဆိုးလာနိုင်ပြီး ဒါဟာစည်းကမ်မဲ့ ငါးဖမ်းယူမှုတွေကြောင့်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်းရှိ ရေနက်ကွင်းဒေသများနှင့် ချောင်းများတွင် ဆေးချခြင်း၊ လျှော့တိုက်ငါးဖမ်းခြင်း ၊ ကန့်သတ်ကိရိယာများအားအသုံးပြု ငါးဖမ်းခြင််း ကြောင့် ရေချိုငါးများရှားပါးလာပြီး ငါးအချို့မှာ မျိုးတုန်းလုနီးပါးအထိဖြစ်နေပြီ ငါးခြောက်စျေးမှာလည်း ဆန်းစျေးနီးပါးအထိဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီတိုင်း #ငါးမျိုးစိတ် #မျိုးတုန်း
#Ayeyarwaddy_Times