ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရွယ်အစားလျှော့ခဲ့ရတဲ့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး နိုင်ငံစုံစစ် ရေးလေ့ကျင့်မှုဖြစ်တဲ့ ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အာရှနဲ့ ပစိဖိတ်ဒေသမှ ခုနှစ်နိုင်ငံ ပါဝင်မှာဖြစ်ပါ တယ်။
ထိုင်းတော်ဝင်စစ်တပ်နဲ့ အမေရိကန်စစ်တပ်ရဲ့ အာရှ-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်တို့ ပူးတွဲပြုလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ စင်ကာပူမှတပ်ဖွဲ့တွေ ပါ ဝင်မှာဖြစ်ပါတယ်။
ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ၄၂ ကြိမ်မြောက်ဖြစ်ပြီး ပါဝင်တဲ့နိုင်ငံ ၃၀၊ လေ့လာသူ ခုနှစ်နိုင်ငံ နဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၇၃၉၄ ဉီး ပါဝင်မှာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှာ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁၀ ရက် အထိ ပြုလုပ်မှာဖြစ်ပါတယ်။
ထိုင်ခုံနေရာ အကန့်အသတ်ကြောင့် ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံက လေ့လာသူ အဖြစ် ပါဝင်မှာမဟုတ်ဖူးလို့ ထိုင်းတော်ဝင်စစ်တပ် စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး သီတီချိုင်းတီယန်တန်က သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ပါဝင်မှာဖြစ်တာကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့တွေ အများဆုံးပါဝင်တာလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်စစ်သံမှူး ဗိုလ်မှူးကြီး ကတ်လက်ဖလာက ပြောပါတယ်။
Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ပါဝင်တဲ့နိုင်ငံတွေကို စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်နိုင်တဲ့ စွမ်းရည်လေ့ ကျင့်ဖို့ အခွင့်အလမ်းရရှိစေတယ်လို့ သူက ဆိုပါတယ်။
တောင်ကိုရီးယားရေတပ်ကလည်း စစ်ရေးလေ့ကျင့်မှုမှာ တိုက်ရေယာဉ်ခြောက်စင်း၊ K808 သံချပ်ကာ ယာဉ်နှစ်စင်း၊ K55 ဟောင်ဝှစ်ဇာအမြောက်နှစ်လက်၊ K77 ယာဉ်တစ်စင်းနဲ့အတူ ပါဝင်မယ်လို့ သိရပါတယ်။
ကိုးကား – Asian Defence Journal
Ref; Myanmar Not Taking Part in Latest Cobra Gold Exercise