ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်
မြန်မာ့ဒီမိုကရေစီအင်အားစုတွေက အမေရိကန်နိုင်ငံအား အာဏာသိမ်းစစ်ကောင်စီအပေါ် ပိုမိုပြင်းထန် တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ဖို့နဲ့ ဒီမိုကရေစီတပ်ဖွဲ့တွေအတွက် ငွေကြေးပံ့ပိုးမှုတွေ တိုးမြှင့်ပေးစေလိုတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမေရိကန် အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှုတွေ ပါဝင်ခဲ့တဲ့ တစ်ပတ်ကြာ ဝါ ရှင်တန်ခရီးစဉ်အပြီး ဒေါ်ဇင်မာအောင်က ရိုက်တာသတင်းဌာနကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးကို အမျက်ဒေါသထွက်စေပြီး ပြည်တွင်းအတိုက်အခံတွေကို ပျောက်ကျားတပ်ဖွဲ့တွေ ဖွဲ့ စည်းစေခဲ့တဲ့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ဇန်နဝါရီလ ၃၁ ရက်မှာ အမေရိကန်နဲ့ မဟာ မိတ်တွေက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။
“ဒဏ်ခတ်အရေးယူမှုတွေက မလုံလောက်သေးတာကြောင့် ထပ်မံ အရေးယူဖို့ လိုအပ်နေဆဲဖြစ်ပါတယ်” လို့ NUG ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပွဲအခမ်းအနားမှာ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်နိုင်စေဖို့ မြန်မာ စစ်တပ်ရဲ့ လေယာဉ်ဆီရရှိနိုင်မှု လျှော့ချဖို့ စစ်ကောင်စီအတွက် အဓိက ပြည်ပဝင်ငွေရပေါက်တစ်ခုဖြစ်တဲ့ မြန်မာ့ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူဖို့ ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံစဉ် အမေရိကန်နိုင်ငံရဲ့ စစ် ကောင်စီအပေါ် ရှုတ်ချမှုကို ထပ်လောင်းအတည်ပြုကာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာ ဝန်ခံမှု လုပ်ဆောင်ဖို့နဲ့ အကျပ်အတည်း ငြိမ်းချမ်းစွာ အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားတိုးမြှင့်ပေးရေး အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ရှင်းပြခဲ့ပါတယ်။
စစ်တပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG
လက်အောက်ရှိ PDF တွေကို နည်းပညာနဲ့ သေစေနိုင်သောလက်နက်မဟုတ်သည့် အကူအညီ ပေးအပ်နိုင်မယ့် NDAA ကို သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံကို ထောက်ပံ့တာနဲ့နှိုင်းယှဉ်ရင် ကျွန်မတို့ အကူအညီ အနည်းငယ်သာ ရရှိပေမယ့် ကျွန်မ တို့ သေချာပေါက် အနိုင်ရရှိမှာဖြစ်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်လာနိုင်မှုတွေကို သိရှိနိုင်မယ့် ကြိုတင်သတိပေးမှုစနစ်အပြင် အခြား ဆက်သွယ် ရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ဖို့ NUG က အမေရိကန်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Myanmar parallel government asks US for more sanctions, funding for anti-junta forces