
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ကလေးခရိုင်တပ်ရင်း(၁၃)မင်းကင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ် တပ်ရင်း(၃) ၊ တပ်ခွဲ(၃)၏ စစ်ရေးပြသင်တန်းဆင်းပွဲကို ဇူလိုင်လ (၃)ရက်နေ့က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း မင်းကင်းPDF ကထုတ်ပြန်သည်။
အဆိုပါ သင်တန်းဆင်းပွဲကို MKPDF-3 တပ်ရင်းမှူးမှ NUG ကပေးပို့သော MOD ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ရဲဘော်များအား မိဘပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ကြရန်၊ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ချေမှုန်းသွားမည်ဟု ထည့်သွင်းပြောကြာခဲ့သည်။
ထို့ပြင် သင်တန်းဆင်းပွဲအား ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ မင်းကင်းမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပကဖ အဖွဲ့များ၊ ပအဖ များ၊ ပြည်သူများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တို့ အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ-မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃)