ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးရေး ဗိုလ်ချုပ် ကြီးတစ်ဉီး စေလွှတ်ဖို့ သမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားစစ်တပ်ကို ညွှန်ကြားထားတာ မရှိသေးဘူးလို့ သိရပါ တယ်။
“မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးတစ်ဉီး စေလွှတ်ဖို့ အခုထိ ညွှန်ကြားထားတာ မရှိသေးပါဘူး” လို့ အင်ဒိုနီး ရှားစစ်တပ် စစ်ဉီးစီချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘမ်ဘန်းအစ်မာဝမ်က သမ္မတအိမ်တော်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဂျိုကိုဝီက ညွှန်ကြားလာရင် ဖြစ်နိုင်သမျှစောပြီး မြန်မာခရီးစဉ် စတင်နိုင်ဖို့ ဗိုလ်ချုပ်ကြီးတစ်ဉီး စေလွှတ်နိုင်ရေး ပြင်ဆင်မယ်လို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်မြင့် စစ်ဘက်အရာရှိကြီးတစ်ဉီး စေလွှတ်မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ အစီအစဉ်ကို သမ္မတ ဂျိုကိုဝီက ပြောကြားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံသို့စေလွှတ်မယ့် ဗိုလ်ချုပ်ကြီးက အင်ဒိုနီးရှားနိုင်ငံရဲ့ အောင်မြင်သော ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုကို စစ်ကောင်စီအား ရှင်းပြနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျိုကိုဝီက ဆိုပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက တူညီသောအခြေအနေကို တွေ့ကြုံခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီ အ သွင်ကူးပြောင်းမှုကို ဘယ်လို စတင်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံကို ကျွန်တော်တို့ လေ့လာနိုင်ပါတယ်” လို့ ဖေဖော် ဝါရီလ ၁ ရက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဂျိုကိုဝီက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ သူကိုယ်တိုင် သွားရောက်နိုင်ချေရှိတယ်ဆိုတာကိုလည်း သမ္မတ ဂျိုကိုဝီက ပယ်မချခဲ့ပါဘဲ အာဆီယံရဲ့ ဒီမိုကရေစီအင်အားကြီး အင်ဒိုနီးရှားနိုင်ငံက စစ်ကောင်စီကို နားချဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသို့ စေလွှတ်မယ့် အင်ဒိုနီးရှား ထိပ်တန်းဗိုလ်ချုပ်ကြီးဟာ ၁၉၉၈ ခုနှစ်က တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ရမယ်လို့ သူက ပြောပါတယ်။
တိုင်းပြည်ရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က အာဆီယံထိပ်သီးဆွေး နွေးပွဲမှာ စစ်ကောင်စီကိုယ်တိုင် သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရမယ်လို့ ဒီနှစ် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ယုံကြည်ပါတယ်။
ကိုးကား – Antara News
Ref; TNI awaits instruction to send general to speak with Myanmar junta