ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
အကူအညီမဲ့ အရပ်သားတွေအပေါ် ထိန်းချုပ်နိုင်အောင် တိုက်လေယာဉ်တွေ ထောက်ပံ့ခြင်းအားဖြင့် တ ရုတ်နိုင်ငံက မြန်မာစစ်တပ်ကို ကူညီနေပြီး ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက လူ့အခွင့်အရေးကို တန်ဖိုးမထားတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နိုင်ငံမှ FTC-2000G ဂျက်တိုက်လေယာဉ် အများအပြား မှာယူခဲ့ တယ်လို့ မြန်မာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
လေကြောင်းသင်တန်းတက်ရောက်ဖို့ လေယာဉ်မှူးရှစ်ဉီး၊ ပညာရှင်ရှစ်ဉီးနဲ့ အရာရှိနှစ်ဉီးဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံ ကူမင်းမြို့တော်သို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်တပ်သို့ Mountain Eagles အမျိုးအစား ခေတ်မီဂျက်တိုက်လေယာဉ်ခြောက် စင်း ပေးပို့ခဲ့တယ်လို့ ပြည်တွင်း/ပြည်ပမီဒီယာတွေကို ကိုးကားပြီး မဂ္ဂဇင်းတစ်စောင်က ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်အကြာမှာ ခုခံတွန်းလှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ မြန်မာစစ်တပ်က ကျေးရွာ တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
မြန်မာစစ်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃၅ ကြိမ် လုပ် ဆောင်ခဲ့ပြီး ဒီနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ပိုများလာခဲ့တယ်လို့ Myanmar Witness က ဆိုပါ တယ်။
“မြန်မာစစ်တပ်က တော်လှန်ရေးနယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာကြောင့် လေကြောင်း တိုက်ခိုက်မှုဟာ သူတို့ရဲ့ ထိုးစစ်ဆင်မှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ Myanmar Witness က ပြောပါတယ်။
ကလေးငယ်အများစုအပါအဝင် အရပ်သား ၄၆၀ ဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီလအတွင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါ တယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့တာ ကြောင့် သင်္ဘောလိုင်းတွေ၊ ယာဉ်ပိုင်ရှင်တွေက မြန်မာလေတပ်ကို အကျိုးဖြစ်ထွန်းစေတဲ့ ထောက်ပံမှုတွေ မလုပ် ကြဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က နိုဝင်ဘာလအတွင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြော ကြားခဲ့ပါတယ်။
ကိုးကား – ANI
Ref; China helps military junta with fighter aircraft to strengthen its control over Myanmar population: Report