ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ဧရာ၀တီတိုင်း စိုက်ပျိုးရေး တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လယ်သမားတွေအတွက် ခွဲတမ်းရတဲ့ ဓါတ်မြေဩဇာအိတ် ၅ သောင်းထုတ်ယူချိန်မှာ သတ်မှတ်ဈေးထက်ပိုမိုတောင်းခံတဲ့ကိစ္စနဲ့ပတ်သတ်ပြီး စစ်ကောင်စီက စစ်ဆေးနေတယ်လို့ သိရပါတယ်။

” လယ်သမားတွေ အတွက်ဓါတ်မြေသြဇာအိတ်တွေကို ဈေးတင်ပြီးရောင်းတဲ့ကိစ္စ သိန်း ၁၅၀ ကျော်တယ် နောက်ပြီး သူ့နာမည်နဲ့ အပြင်ကုန်သည်တွေကို စက်ရုံ ဓါတ်မြေသြဇာတွေရောင်းစားတာတွေအကုန် စစ်ခံနေရတာ၊ တိုင်တာတော့ဌာနတွင်ကပဲတိုင်တာ “လို့ တိုင်းစိုက်ပျိုးရေး ဦးစီးဌာနနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

ဦးစိန်မောင်မြင့်ဟာ ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ ဓာတ်မြေဩဇာစက်ရုံက ထုတ်လုပ်တဲ့ ယူရီးယား (MPE ဆေးအိတ်အဖြူ) ၅ သောင်းကို လယ်သမားတွေ ထုတ်ယူချိန်မှာ ၁ အိတ်ကို ၃၀၀ ကျပ်နှုန်းအမြတ်တင်ကာရောင်းချခဲ့တာဖြစ်ပြီးတစ်မြို့နယ် စီရတဲ့ဓါတ်မြေ ဩဇာအိတ် ခွဲတန်းများ အထဲက မြို့နယ်တစ်ခုကို အိတ် ၅၀ နှုန်း နဲ့ အိတ် ၁၈၀၀ ကျော်ကိုလည်း ၎င်းအတွက်ခွဲတန်း ဆိုပြီးအပြင်ကုန်သည်ကိုရောင်းစားခဲ့တာလို့စိုက်ပျိုးရေး ဌာနတွင်းက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

“သူ့ကိုလက်ရှိကတော့ ရုံးချုပ်က ဌာနအတွင်းစစ်ဆေးမှုကို ခံယူနေရတာသူနဲ့အတူ ငွေဆောင်မြို့ က ဦးစီးမှူး ဦးလှိုင်မျိုးသန့် ကလည်း တိုင်းဂျာဦးစိန်မောင်မြင့်အ တွက်ဆိုပြီး တစ်မြို့နယ်ကို အိတ် ၅၀ စီ ခွဲတန်းယူပေးတာကြောင့်သူလည်း အစစ်ခံနေရတယ်”လို့ ဧရာဝတီတိုင်းမ်ကို သူကပြောပါတယ်။

ဧရာ၀တီတိုင်းကန်ကြီးထောင့်မြို့နယ်က ဓာတ်မြေ ဩဇာစက်ရုံက ထုတ်လုပ်သတဲ့ ယူရီးယား (MPE ဆေးအိတ်အဖြူ) ၅ သောင်းကို စိုက်ပျိုးကာလ တစ်ရာသီ ၆ လ မှာ တစ်ကြိမ် လယ်သမားများကို ခွဲတန်းအရ ထုတ်ပေးနေတာဖြစ်တယ်လို့ဒေသခံ တောင်သူများထံကနေ သိရပါတယ်။