ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဖေဖော်ဝါရီလ ၁၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ CDFSenthangထံသို့ ယနေ့၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း CDF-Senthangက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးသည် ဟားခါးမြို့တွင် အခြေစိုက်သော ၂၆၆ စစ်ကောင်စီတပ်ရင်းမှ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး MA-2 သေနတ် ၁လက်၊ ကျည်၊ ဗုံးသီး၊နင်းမိုင်းနှင့်ထောင်မိုင်းများကို ယူဆောင်လာကာ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF-Senthang က ဆုငွေများချီးမြှင့်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။