ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
မြန်မာ့အရေး ဖြေရှင်းရာမှာ မဟာဗျူဟာသစ်တွေ၊ ကိုင်တွယ်ဖြေရှင်းမှုသစ်တွေ ရှာဖွေဖို့ မလေးရှားဝန် ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
တိုင်းပြည်မှထွက်ပြေးတဲ့ ဒုက္ခသည်တွေ များလာတဲ့အကျိုးဆက်တစ်ခုအဖြစ် မြန်မာ့အရေးက ထိုင်း၊ မ လေးရှားနဲ့ အင်ဒိုနီးရှား အပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေကို သက်ရောက်မှုရှိစေတာကြောင့် မြန်မာ့အရေးကို ပြည်တွင်းရေးတစ်ခုအဖြစ် သတ်မှတ်လို့မရတော့ဘူးလို့ ထိုင်းရုပ်သံဌာန Thai PBS နဲ့ အထူးသီးသန့် အင်တာဗျူး တစ်ခုအတွင်း အန်ဝါက ပြောပါတယ်။
“ကျွန်တော်တို့ ဆွေးနွေးရမယ့် အာဆီယံအဖွဲ့က သုံးသပ်မှုတစ်ခု မလုပ်ဖူးဆိုရင် အနာဂတ်မှာ မြန်မာ့အ ရေးကို ဖြေရှင်းနိုင်ပုံမပေါ်ပါဘူး။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုက အလုပ်မဖြစ်ခဲ့တာကြောင့် မြန်မာ့ အရေးနဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ကိုင်တယ်ပုံနည်းလမ်းကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်” လို့ အန်ဝါက ဆိုပါ တယ်။
အင်ဒိုနီးရှားနိုင်ငံက ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားတာကြောင့် လာမယ့်တစ်ပတ် သို့မ ဟုတ် နှစ်ပတ်အတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီနဲ့ဆွေးနွေးကာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အကြံပြု ကာ အကြံတောင်းခံပြီး မဟာဗျူဟာသစ်တွေ ချမှတ်မယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံသို့သွားရောက်တဲ့ ပထမဆုံးသော ခရီးစဉ်အတွင်း အန်ဝါက ဝန်ကြီးချုပ် ပရာယွတ်နဲ့ တွေ့ဆုံ ကာ မြန်မာ့အရေး အပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ ဒေသတွင်း အဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံက မဆုတ်မနစ် ကြိုးပမ်းမှုတွေ ပြုလုပ်သင့်တယ်လို့ တွေ့ဆုံမှုအပြီး ထိုင်းဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောပါတယ်။
ကိုးကား – Bernama
Ref; PM Anwar calls on ASEAN to explore new approaches in dealing with Myanmar crisis