ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

ရိုဟင်ဂျာပြဿနာ ဖြေရှင်းတဲ့နည်းလမ်းကို သြစတြေးလျနိုင်ငံက ဉီးဆောင်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ပြောကြားလိုက်ပြီး ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ ပိုသေဆုံးတာ၊ ဒေသတစ်ခု လုံးကို ထိခိုက်စေနိုင်တဲ့ အစွန်းရောက်ဝါဒ ဖြစ်ပေါ်လာနိုင်တာကို သတိပေးလိုက်ပါတယ်။

သြစတြေးလျအစိုးရက တည်ထောင်တဲ့ အာရှနဲ့ ပစိဖိတ်ဒေသရှိ အဖွဲ့ဝင် ၄၉ နိုင်ငံမှ တာဝန်ရှိသူတွေနဲ့ အတူ Bali Process တက်ရောက်ဖို့ အဗ္ဗဒူမိုမန်က အဒဲလိတ်မြို့တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

၅ နှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အဲဒီအစည်းအဝေးကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့က ပူးတွဲသဘာပတိပြုလုပ်ကြတာပါ။

ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို တွန်းအားပေးခြင်းအားဖြင့် လူသား ချင်းစာနာမှု ဘေးဒုက္ခကိုတိုက်ဖျက်ကြဖို့ အဗ္ဗဒူမိုမန်က ဒေသတွင်းခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“သူတို့ရဲ့မူလတိုင်းပြည် မြန်မာနိုင်ငံကို မပြန်နိုင်ဘူးဆိုရင် ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကနေ ထွက် ပြေးတာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်” လို့ မိုမန်က ပြောပါတယ်။

“ရိုဟင်ဂျာအရေး ဖြေရှင်းပေးဖို့ သြစတြေးလျနိုင်ငံက မြန်မာစစ်ကောင်စီကို ပြောပြပါ။ သြစတြေးလျနိုင် ငံက ဒေသတွင်းမှာ ဉီးဆောင်သူခေါင်းဆောင်ဖြစ်တာကြောင့် ကျွန်တော် ပိုမျှော်လင့်ပါတယ်” လို့ သူက ဆိုပါ တယ်။

ဒီနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကိုကူညီဖို့ ဒေါ်လာ ၁၃၅ သန်း ပံ့ပိုးဖို့ သြစ တြေးလျနိုင်ငံက ကတိပြုခဲ့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာပြဿနာဖြေရှင်းဖို့ လုံလောက်အောင် လုပ်ဆောင်တာမရှိဘူးလို့ သူက ပြောပါတယ်။

“ရိုဟင်ဂျာတွေက မျှော်လင့်ချက်မဲ့နေပါတယ်။ သူတို့ အကြမ်းဖက်သမားတွေ ဖြစ်လာရင် ဘင်္ဂလားဒေ့ရှ် သာမက ဒေသတွင်းတစ်ခုလုံးမှာ မသေချာမှုတွေ ဖန်တီးလာနိုင်ပါတယ်” လို့ မိုမန်က ထောက်ပြပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေ ပြန်လည်လက်ခံဖို့ အောက်တိုဘာလအတွင်း သဘောတူခဲ့ပေမယ့် လုံ လောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ကိုးကား – The Age
Ref; ‘I expect more from Australia’: Bangladesh calls for action on Rohingya crisis