ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ညာလက်ရုံး လူဟတ်ပန်ဂျိုင်တန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အ ထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြန်မာ့အရေးကို အလွယ်တကူ ဖြေရှင်း နိုင်ဖွယ်မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဖန်တီးခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အ ခန်းကဏ္ဍအတွက် ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ရွေးချယ်ရမှာဖြစ်ပါတယ်။ ယခင် အာဆီ ယံဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို အထူးကိုယ်စားလှယ်အ ဖြစ် ခန့်အပ်ခဲ့ကြပါတယ်။

သမ္မတ ဂျိုကိုဝီက လူဟတ်ပန်ဂျိုင်တန်ကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖွယ်ရှိတယ်လို့ ဘလွန်းဘဂ်သတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးမှ ပင် လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဖြစ်လာခဲ့သူ လူဟတ်ပန်ဂျိုင်တန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရနိုင်တဲ့သူတွေထဲမှာ ပါဝင်တယ်လို့ ဘလွန်းဘဂ်သတင်းဌာနက ဆိုပါတယ်။

၁၉၉၈ ခုနှစ်မှာ အာဏာရှင်စနစ်မှ ကမ္ဘာ့တတိယအကြီးမားဆုံး ဒီမိုကရေစီတိုင်းပြည်အဖြစ် အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံကို မျှဝေဖို့ မြန်မာနိုင်ငံသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး တစ်ဉီး စေလွှတ်ဖို့ရည်ရွယ်ထားတယ်လို့ ဒီလအစောပိုင်းမှာ သမ္မတ ဝီဒိုဒိုက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူး တစ်ခုအတွင်း ပြောပါတယ်။

ဘယ်ဗိုလ်ချုပ်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်ဆိုတာကို တော့ ဝီဒိုဒိုက အသေးစိတ်မပြောပါဘူး။ မည်သူ့ကို အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်သည်ဖြစ်စေ သမ္မတ ဝီဒိုဒိုရဲ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးအတိုင်း မြန်မာနိုင်ငံသို့ စစ်ဗိုလ်ချုပ်ကြီးတစ်ဉီး စေလွှတ်ဖွယ်ရှိပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရက် ဖော်ဆောင်ရေးမြန်မာဗိုလ်ချုပ်ကြီးတွေကို နားချဖို့ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးအနေနဲ့ အနည်းငယ် အခက်အခဲရှိမယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အာဏာစွန့်ခဲ့တဲ့ အင်ဒိုနီးရှားစစ်တပ်ကို မြန်မာစစ်တပ်က အနည်းငယ်သာ စံနမူနာယူတာ တွေ့ရပါတယ်” လို့ စင် ကာပူအခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု့ (IISS) မှ သုတေသီ အေရွန်ကွန်နယ်လီက ပြောပါတယ်။

သမ္မတ ဆူဟာတိုလက်ထက်မှာ မြန်မာစစ်တပ်က အင်ဒိုနီးရှားစစ်တပ်ကို ညီရင်းအစ်ကိုအဖြစ် ရှုမြင်ခဲ့ ကာ စစ်တပ်ကို နိုင်ငံရေးနဲ့ စီးပွားရေးမှာ လွှမ်းမိုးပိုင်ခွင့်ပြုတဲ့ Fungsi စနစ်ကိုလေ့လာဖို့ စိတ်အားထက်သန်ခဲ့ပါ တယ်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ အကြီးတန်းစစ်ဘက်အရာရှိတစ်ဉီး စေလွှတ်တာ ပထမဆုံးအကြိမ် တော့ မဟုတ်ပါဘူး။

၂၀၀၇ ခုနှစ်ကလည်း မြန်မာဝန်ကြီးချုပ်ဟောင်း စိုးဝင်းရဲ့ဈာပနအခမ်းအနား တက်ရောက်ဖို့ သမ္မတ ဟောင်းနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း ဆူဆီလိုဘန်ဘမ်းယူဒိုယိုနိုက အငြိမ်းစားဗိုလ်ချုပ်ကြီးနဲ့ စစ်တပ်အ တွင်း ပြုပြင်ပြောင်းလဲရေးသမား အေဂတ်စ်ဝီဂျိုဂျိုကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြသလို လျင် သမ္မတ ဝီဒိုဒိုကိုယ်စား လူဟတ်ပန်ဂျိုင်တန်ကို နေပြည်တော်သို့စေလွှတ်တာ မှန်ကန်သောရွေးချယ်မှုဖြစ် တယ်လို့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး ဗဟိုဌာန (CSIS) မှ သုတေသီ အန်ဒရူးမန်တန်က ပြောပါတယ်။

“မြန်မာစစ်ကောင်စီကရော ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို လက်ခံပါ့မလား။ အရေးကြီးတာကတော့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတစ်ခုစီက အကြမ်းဖက်မှုတွေ လျှော့ချပြီး နိုင်ငံရေးအဖြေရှာဖို့ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ စစ်ကောင်စီအား ငြိမ်းချမ်းရေးစီမံချက် ဖော်ဆောင်ရေး အလုပ်ဖြစ်တဲ့စီမံ ချက်နဲ့ မဟာဗျူဟာ ဖော်ဆောင်ဖို့ သူ တိုက်တွန်းလိုက်ပါတယ်။
သံတမန်အများအပြားကို ခန့်အပ်ရမယ့် မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်ရုံး အင်ဒိုနီးရှားနိုင် ငံက ထူထောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြီးခဲ့တဲ့လအတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရုံးက မြန်မာ့အရေးကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်မယ့် မဟာဗျူဟာ တွေ ချမှတ်နိုင်မယ်လို့ CISI Indonesia မှ အန်ဒရူးမန်တန်က ပြောပါတယ်။

စင်ကာပူဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ဟောင်း နျူရာဆွာဂျာယာကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်လို့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။

ယခင် အာဆီယံဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေလို နိုင်ငံခြားရေးဝန်ကြီးတွေကို အာ ဆီယံ အထူးကိုယ်စားလှယ်အဖြစ် မခန့်အပ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဆုံးဖြတ်ချက်က နိုင်ငံခြားရေးဝန်ကြီးရဲ့ တာဝန် ဝတ္တရားတွေကို အဆိုပါ အထူးကိုယ်စားလှယ်ရာထူးက နှောင့်ယှက်နိုင်တာကြောင့်ဖြစ်တယ်လို့ ကွန်နယ်လီက ဆိုပါတယ်။

South China Morning Post ပါ ဆောင်းပါးရှင် Resty Woro Yuniar ရဲ့ Can an Indonesian general help Asean move Myanmar peace plan along? No sir, analysts say ကို ဆီလျော်အောင် ဘာသာပြန်ထားပါ တယ်။