ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

တရုတ်သူလျှိုမိုးပျံပူဖေါင်းတစ်လုံးကို အမေရိကန်နိုင်ငံက ပစ်ချပြီးနောက် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီတို့ကြား ဖုန်းပြောဆိုဖို့ တောင်းဆိုမှုကို တရုတ်နိုင်ငံက ပယ် ချခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးရွားစေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူဖေါင်းတစ်လုံး အမေရိ ကန်လေပိုင်နက်အတွင်း ဝင်ရောက်လာပြီး တစ်ပတ်အကြာမှာ အမေရိကန်လေတပ်မှ ဂျက်တိုက်လေယာဉ်တစ် စင်းက တောင်ကာရိုလိုင်းနားကမ်းခြေမှာ အဆိုပါမိုးပျံပူဖေါင်းကို ပစ်ချခဲ့ပါတယ်။

တရုတ်သူလျှိုမိုးပျံပူဖေါင်း ပစ်ချခံရပြီးနောက် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေကြား ဖုန်းပြောဆိုဖို့ ပင် တဂွန်က တောင်းဆိုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။

“တရုတ်နိုင်ငံက နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေ ဖုန်းပြောဆိုဖို့တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ နှစ် နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်မယ့် ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူဖေါင်း ဝင်ရောက်လာမှုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာခဲ့ပြီး နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ တနင်္ဂနွေနေ့မှ တနင်္လာနေ့အထိ ပေကျင်းမြို့တော်သို့သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ရာသီဥတုဆိုင်ရာ မိုးပျံပူဖေါင်းဟာ အမေရိကန်နိုင်ငံလေပိုင်နက်အတွင်း လေလမ်းကြောင်းပြောင်းပြီး ဝင် ရောက်ခဲ့တာလို့ တရုတ်နိုင်ငံက ပြောပါတယ်။ မိုးပျံဘောလုံး ပစ်ချတဲ့ကိစ္စကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ထိ ခိုက်စေမှာမဟုတ်ဖူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ အော်စတင်က ဝေဖန်ဟီနဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ ကြား ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ဖို့လိုအပ်တယ်လို့ အလေးထားပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ် တရုတ်နိုင်ငံက သွားရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန် အဆင့်မြင့်တာဝန်ရှိသူတွေ တရုတ်ကိုသွားရောက်တာမရှိတော့ပါဘူး။

နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တင်းမာမှုတွေရှိလင့်ကစား မတော်တဆဖြစ်ရပ်တွေ လျှော့ချနိုင်ဖို့ရည်ရွယ် ကာ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေတာ ကြာမြင့်ပြီဖြစ်ပါတယ်။

ထိုင်ဝမ်၊ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းနဲ့ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေး လှုပ်ရှားမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံးနှစ်နိုင်ငံကြား တင်းမာမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေ ပါတယ်။

ကိုးကား – Reuters
Ref; China declined call request from US defense chief after balloon shootdown