ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၀ ဝန်းကျင်တွင် မြို့ပြပြောက်ကျားအဖွဲ့က အောင်စည်တော် စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ်သတ်ခံရသူမှာ သင်ပန်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသာဌေးဖြစ်ပြီး ၅၁B၊ ၁၂၁၊ ၁၂၂ ရှိ ၎င်းနေအိမ်တွင် ပစ်သတ်ရှင်းလင်းခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးတပ်ဖွဲ့ထံကသိရှိ
ရသည်။
“သူက ရာအိမ်မှူးကနေ အုပ်ကြီးဖြစ်တာ မကြာသေးဘူး၊ကျူးကျော်တွေဖျက်တာ မဲစာရင်းကောက်တာတွေလုပ်နေတယ်ဗျ။ ကျနော်တို့အနေနဲ့ကလဲ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ရှင်းလင်းသွားမယ်ဆိုတာပါ ထပ်မံ အသိပေးချင်ပါတယ်”ဟုအောင်စည်တော် စစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မန္တလေးပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေသည့် စစ်ကောင်စီဒေါက်တိုင်များ မိမိအသက်ကို ရင်းရသည်အထိ စစ်ကောင်စီကို အလုပ်ကျွေးမပြုကြဖို့ သတိပေးချင်ပါတယ် ဟု ၎င်းကဆက်လက်ပြောသည်။
ဒါ့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း မဟာအောင်မြေမြို့နယ် လမ်း၄၀၈၂ ကြားတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေး မြတ်သူ(ခ)တရုတ်ကြီး ဆိုသူအား ၎င်း၏နေအိမ်တွင် အောင်စည်တော်စစ်ဆင်ရေး ဒုတိယအကြိမ်အဖြစ် မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။