ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းက ကင်းလှည့်ပြီး ပြန်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်တစ်ဦးအပါ ၅ ဦးသေဆုံး ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်၍ ပြန်လာစဉ် ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန်ဒေသကာကွယ်ရေးအဖွဲ့ (TGYR-Youth Guerrilla Counter Revolution) ထံက သိရသည်။
“ရွာကိုဝင်ပြီး ပြန်၀င်လာချိန်မှာ စောင့်ပြီး မိုင်းဆွဲခဲ့တာပါ။ PDF တွေကို စိန်ခေါ်နေတဲ့ ကောင်တွေဗျ။ တစ်ပွင့်ဗိုလ်အပါအ၀င် နောက်လိုက် ၅ ယောက်သေတယ်။ ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးသွားတယ်” ဟု TGYR အဖွဲ့ခေါင်းဆောင် Eco က ဧရာ၀တီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီတပ်မှ ရမ်းသန်း၍ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ရဲဘော်များ ထိခိုက်မှုမရှိကြောင်း TGYR အဖွဲ့ခေါင်းဆောင်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution (LPDF)နှင့် မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#ငါန်းဇွန်း #PDF #စစ်ကောင်စီ #ကင်းလှည့် #မိုးဆွဲခံရ #သေဆုံး
#Ayeyarwaddy_Times