ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂ ရက်
အင်ဒိုနီးရှားနိုင်ငံက အောင်မြင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆို တာ မြန်မာစစ်အာဏာရှင်တွေကို ရှင်းပြဖို့ မြန်မာနိုင်ငံသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဉီး စေလွှတ်ဖို့ စီစဉ်နေ တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးမားဆုံး အင်ဒိုနီးရှားနိုင်ငံက ဒီနှစ် အာဆီယံဥက္ကဌတာဝန် ထမ်းဆောင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ချုပ်တည်းမှုပြဿနာဖြေရှင်းဖို့ ကြိုးပမ်းရမယ့်တာဝန်ရှိနေပါတယ်။
“ဒါဟာ အဖြေရှာနည်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွေ့အကြုံရှိ ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေအနေနဲ့ တူညီခဲ့ပါတယ်” လို့ ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးတစ်ခုအတွင်း ဂျိုကိုဝီ က ပြောပါတယ်။ “အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီကို ဘယ်လို စတင်ခဲ့တာဆိုတဲ့ အတွေ့အကြုံကို ဖြေရှင်းနိုင်ပါ တယ်” လို့ သူက ဆိုပါတယ်။
၁၉၉၈ ခုနှစ်မှာ လူထုဆန္ဒပြပွဲတွေနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ရာထူးမှမနှုတ်ထွက်မီ ကမ္ဘာ့တ တိယအကြီးမားဆုံး ဒီမိုကရေစီ အင်ဒိုနီးရှားနိုင်ငံကို စစ်ခေါင်းဆောင် ဆူဟာတိုက ဆယ်စုနှစ်သုံးခုကျော် အုပ်ချုပ် ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်က ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး တိုင်းပြည်ကို အထီးကျန်စေကာ ၂၀၁၁ ခုနှစ်မှာ အရပ်သားတစ်ပိုင်း အစိုးရအာဏာမရမီအထိ ဆယ်စုနှစ်ချီ အတိုက်အခံတွေကို နှိပ်ကွက်ခဲ့ပါတယ်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်း ခဲ့ပြန်တာကြောင့် အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ခွင့် အပါအဝင် ဘုံ သဘောတူညီချက်ငါးရပ်ကို အာဆီယံက ချမှတ်ခဲ့ပါတယ်။
အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ပျက်ရယ်ပြုနေတဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေက ဘုံသဘောတူညီချက် မဖော် ဆောင်တာကြောင့် အာဆီယံ အထူးကိုယ်စားလှယ်တွေက အောင်မြင်မှုအနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဘုံသဘောတူညီချက်နဲ့အညီ မြန်မာ့အရေး ဖြေရှင်းဖို့ သံန္နိဌာန်ချထားပေးမယ့် တိုးတက်မှုမရှိပါက မြန်မာ့ အရေးကြောင့် အာဆီယံကို ဓားစားခံအဖြစ်မခံသလို ပြတ်သားစွာ လုပ်ဆောင်မယ်လို့ စစ်အာဏာသိမ်းမှုနှစ်နှစ် ပြည့်မှာ ဂျိုကိုဝီက ပြောပါတယ်။
ကိုးကား – CNA
Ref; Indonesia to send general to Myanmar to highlight transition, president says