ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၁ ရက်
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒွင်နိုင်းနဲ့ နှစ် နိုင်ငံဆက်ဆံရေး၊ မြန်မာ့အရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“နှစ်နိုင်ငံဆက်ဆံရေးနဲ့ မြန်မာ့အခြေအနေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒွင်နိုင်းနဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်” လို့ ဂျိုင်ရှန်ကာက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေကို ထိန်းသိမ်းကာ အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် မြန်မာနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်လို့ဆိုပြီး တက်ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်ကြောင်း မြန်မာစစ်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကြေညာခဲ့ပါတယ်။
G7 အပါအဝင် ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ကြိုးပေးကွက်မျက်မှုကို ရှုတ်ချခဲ့သလို အိန္ဒိယနိုင်ငံ ကလည်း ကြိုးပေးကွက်မျက်တာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းမှု၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှု မပြုလုပ်ဖို့ အနောက်နိုင်ငံတွေက ဖိအားပေးနေပါတယ်။
ကိုးကား – PTI
Ref; EAM Jaishankar holds talks with Thai counterpart