ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၃ ရာခိုင်နှုန်းသာရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီး အခြေအနေဆိုး လာတဲ့ ပဋိပက္ခကြောင့် စစ်တပ်ကအုပ်ချုပ်တဲ့ မြန်မာ့စီးပွားရေးကို ထိခိုက်စေမယ်လို့ သတိပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ဂျီဒီပီက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ “၂၀၂၂ ခုနှစ်အကုန်မှာ စီးပွားရေးအခြေအနေတွေ တိုးတက်လာခဲ့ပေမယ့် စီးပွားရေး အညွှန်းကိန်းတွေက ရော ထွေးနေပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ်ရှားမန်းက ပြောပါတယ်။
ကမ္ဘာ့ဘဏ်က “Monitoring Burma’s Economy: Navigating Uncertainty” လို့ အမည်ပေးထားတဲ့ အ စီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာသိမ်းမှုမတိုင်မီကထက် ၁၃ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ လုပ်ထုံးလုပ်နည်း အပြောင်းအလဲတွေကြောင့် စီးပွားရေးလုပ်ငန်း တွေ ထိခိုက်ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဖောင်းပွမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ ကြောင့် သွင်းကုန်ကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာ ကုန်ကျစရိတ်မြင့်တက်လာမှုနဲ့ ကြန့်ကြာမှုတွေရှိနေပြီး ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်မှာ ငွေကြေးမတည်မှု ကျဆင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ယင်းသို့သောပြဿနာတွေက မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေး သာယာဝပြောမှုကို ဟန့်တားနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ထိပ်တန်းအရပ်သားခေါင်းဆောင်တွေ အပါအဝင် ထောင်နဲ့ချီ တဲ့ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီဆန္ဒပြပြွတွေကို ရက်စက်စွာ ဖြိုခွင်းကာ ပြည်သူ ၂၉၀၀ ကျော်ကို သတ် ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်ချီ လူမျိုးစုပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွား ရေးနဲ့ လူမှုရေးအကျပ်အတည်း ဖြစ်ပွားလာခဲ့ပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေလေးပုံတစ်ပုံကိုပဲ ထိန်းချုပ်နိုင် တော့တယ်လို့ သိရပါတယ်။
ကိုးကား – La Prensa Latina
Ref; Military-ruled Myanmar’s economy to grow 3%: World Bank