ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဘုရင့်နောင် လမ်း၊ ရတနာမွန်အိမ်ရာတွင် ယနေ့ နံနက်ပိုင်းက ဗိုလ်မှူးဟောင်းမြင့်စိုးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန် ခန့်က ၂ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ တိုက် 3/A ရှေ့တွင် ရွှေဝါဆပ်ပြာစက်ရုံမှ အထွေထွေဒုမန်နေဂျာ ဦးမြင့်စိုးဆိုသူသည် အသုပ်ဝယ်နေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ လာရောက်၍သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက်က စက်ရုံမှူး အသွင်ပြောင်းထားတဲ့ ဗိုလ်မှူးဟောင်းတစ်ယောက် သေသွားတယ်လို့ကြားတယ်။ အသုပ်၀ယ်နေတုန်း အသုပ်လေးတောင် မယူရသေးဘူး၊ မျက်နှာကို ပစ်သွားတာ။ သူက ပေါင်းသင်းဆက်ဆံရေး ကတော့ စက်ရုံ တစ်ရုံလုံးနဲ့ တစ်ယောက်။ တစ်ရပ်ကွက်လုံးနဲ့ တစ်ယောက်ပဲ”ဟု ဘုရင့်နောင်လမ်းနေ ဒေသခံတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ပစ်သတ်ခံရသည့် အသက် ၆၂ နှစ်အရွယ်ရှိ စိုးမြင့်ဆိုသူသည် ရွှေဝါဆပ်ပြာစက်ရုံမှ ဒုမန်နေဂျာစက်ရုံမှူးဖြစ်ပြီး အငြိမ်းစားယူထားသည့် ဗိုလ်မှူးဟောင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းကိုမည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို တော်လှန် ရေးအင်အားစုများမှ တစ်စုံတရာထုတ်ပြန်ခြင်း မရှိ သေးပေ။

စစ်ကောင်စီမှ အငြိမ်းစားအရာရှိများ၊ စစ်မှုထမ်းဟောင်းများကို PDF ရဲဘော်များနှင့် စစ်ကောင်စီကို ဆန့်ကျင်သူများရဲ့ သတင်းများကို လျှို့ဝှက်စုံစမ်းရန်အတွက် အသွင်ပြောင်းထောက်လှမ်းမှုများပြုလုပ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားမှုများရှိကြောင်း တပ်မတော်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရှိရသည်။