ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသတွင် တပ်စွဲစခန်းချနေသော စစ်ကောင်စီတပ်နှင့် ပျူစေားထီအဖွဲ့အားမဟာမိတ် PDF အဖွဲ့ ၈ ဖွဲ့မှ အလစ်ဝင်ရောက် ပူပေါင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ရေလယ်ကျွန်းဒေသ၊ မင်းရွာကျေးရွာတွင် တပ်စွဲးထားသော စစ်တပ်နှင့် ပျူစေားထီးများအား PDF ပူးပေါင်းတပ်များမှ ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီ ခွဲအချိန်တွင် အလစ်ငိုက်တိုက်ခိုက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲးကြာချိန် ၄၅ မိနှစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ ပစ်အားနည်းလာသဖြင့် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။
“သေချာတာတော့ စခဘက်က စက်ကလေးသမားပြုတ်တယ်။ လက်နက်ကြီး ၄ လုံးနဲ့ထုတာ ပွဲပြီးသွားတာ။ စက်ကလေးသမား မပစ်နိုင်တော့ဘူး။ သူတို့ဘက်က ပစ်အားလျှော့လာလို့ ရေတပ်ကသင်္ဘောနဲ့ ပစ်ကူပေးရတာပါ။ အထိခိုက်ကတော့စုံစမ်းနေဆဲပါ။ ဒီပွဲးက ရေစကြိုမှာ အဖမ်းခံရတဲ့ MBT ရဲဘော် ၂ ဦးအတွက် တုံ့ပြန်တဲ့ပွဲးပါ”ဟု မြင်းခြံကျားနက် – Myingyan Black Tiger (MBT) အဖွဲ့ မှ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြေားသည်။
ယခု တိုက်ခိုက်မှု့အား Myingyan Black Tiger (MBT) အဖွဲ့ ၊ ROYAL EAGLE PEOPLE DEFENCE FORCE ၊ Ye.Baw.Gyi (PDF)၊ ဗိုလ် (၆၀) ပြောက်ကြားတပ် ၊ The Volue Of Young Men ၊ ချောင်းဦး (ပ.လ.ဖ) ၊VOMDY-Front Warrior၊မုံရွာခရိုင် တပ်ရင်း (၁၂)တပ်ခွဲ (၄) စသည့််မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF များဘက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။