ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၇၅ သန်း ထပ်တိုးကူညီမယ်လို့ အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီ USAID က ဇန်နဝါရီလ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။
အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီ၊ အခြေခံအဆောက်အအုံထိန်းသိမ်းရေး၊ ဘေးအန္တရာယ်လျှော့ချရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကူညီပေးဖို့ USAID က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ် (WFP) နဲ့ လက်တွဲဆောင်ရွက်မယ် လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။
အခုလို ငွေကြေးအကူအညီနဲ့ ရိုဟင်ဂျာပြည်သူ ၆၀၀၀၀ နီးပါးအတွက် အရေးပေါ် အသက်ကယ်ဆယ် ရေးအကူအညီ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဝယ်လို အား ဆက်လက်လျှော့ကျစေကာ အစားအသောက် မလုံလောက်မှုကို ပိုဆိုးစေတယ်လို့ WFP က ပြောပါတယ်။
အမေရိကန်နိုင်ငံက ရိုဟင်ဂျာတွေကို ကူညီပေးဖို့ သံန္နိဌာန်ချထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ များကို လက်ခံထားရသော အသိုင်းအဝိုင်းများသို့ အခုလိုလိုအပ်နေချိန်မှာ USAID က ဆက်လက်ပံ့ပိုးမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တုံ့ပြန်ရေး စီမံချက် ၂၀၂၂ အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကို ပံ့ပိုးနေတဲ့ အဖွဲ့ အစည်းအသီးသီးဟာ စုစုပေါင်း လိုအပ်ချက်ဖြစ်တဲ့ ဒေါ်လာ ၈၈၁ သန်းရဲ့ ၄၉ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၄၃၁ သန်းကျော်ကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီတဲ့ စုစုပေါင်းပမာဏာရဲ့ ၅၁ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၂၂၀ ဒသမ ၄ သန်းကို အမေရိကန်နိုင်ငံက ထည့်ဝင်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂက လူမျိုးသုဉ်းသန့်စင်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ညွှန်းဆိုခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၇၇၄၀၀၀ ဝန်းကျင် အပါအဝင် ရို ဟင်ဂျာ ၉၂၅၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။
မကြာသေးမီလတွေအတွင်း ရိုဟင်ဂျာ ၂၈၀၀၀ ခန့်ကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လူမနေထိုင် သည့် ကျွန်းတစ်ခုဖြစ်တဲ့ ဘာဆန်ချားသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
ကိုးကား – La Prensa Latina
Ref; US announces $75 million support for Rohingyas in Bangladesh