ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါး ကြာလာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန် မာနိုင်ငံက မြေပြင်အခြေအနေဟာ ပိုဆိုးလာခဲ့ပြီး ပြည်သူ ၂၈၀၀ ကျော် သတ်ဖြတ်ခံရကာ ၁၃၆၀၀ ကျော် ထိန်း သိမ်းခံနေရဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက Foreign Policy မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေလှန်မီးရှို့တဲ့ နည်းဗျူဟာကြောင့် ပြည်သူ ၁ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး အဲဒီလုပ်ရပ်ဟာ လူသားမဆန်သော ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
မြန်မာ့အရေးဟာ မေ့လျော့ခံခဲ့ရပြီး တစ်ကမ္ဘာလုံးက ယူကရိန်းအရေးကို အလေးထားနေတာကြောင့် မြန် မာ့အကျပ်အတည်းအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း၊ ကမ္ဘာ့အစိုးရတွေက အာဏာသိမ်းစစ်ကောင်စီကို အ ရေးယူဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးကူညီဖို့ လေးရက်သာ အချိန်ယူခဲ့ပေ မယ့် မြန်မာ့အရေးကြတော့ နှစ်နှစ်ကြာတဲ့အထိ ဘာကြောင့်မကူညီသလဲလို့ မြန်မာပြည်သူတွေက ကျွန်တော့်ကို မေးမြန်းခဲ့ကြပါတယ် လို့ အန်ဒရူးက ပြောပါတယ်။
ကိုယ့်ပြည်သူအပေါ် စစ်ကြေညာခဲ့တဲ့ မြန်မာစစ်တပ်ဟာ မြန်မာလူ့အသိုင်းအဝိုင်းရဲ့ အထီးကျန်မှုခံနေရ ကြောင်း၊ ယူကရိန်းပြည်သူတွေကို တိုက်ခိုက်ဖို့ အသုံးပြုနေတဲ့ စစ်လက်နက်အချို့ကို မြန်မာပြည်သူတွေကို သတ် ဖြတ်ဖို့ အသုံးပြုနေပြီး အဲဒီလက်နက်တွေကို ရုရှားနိုင်ငံက ထောက်ပံ့ပေးတယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ဆန္ဒရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက စစ် ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပြီး အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူဖို့လိုအပ်တယ်လို့ အန်ဒရူးက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပေါ်အခြေအနေ နှစ်နှစ်သက်တမ်းအ ကုန်မှာ ပြုလုပ်ဖို့ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံသင့်ကြောင်း၊ သတင်းထောက်တွေကို အကျဉ်းချတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။