
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
အနောက်တောင်မုတ်သုံလေသည် ယခုတစ်ပတ် အောက်တိုဘာ ၁၅ မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသမှ ဆုတ်ခွာသွားနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာ ၁၁ မှ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားပြီဖြစ်သည်။ သို့ရာတွင် ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်ရှိနိုင်သဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ (ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သတိပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်