ဧရာဝတီတိုင်းမ် (တောင်ငူ)
အောက်တိုဘာ ၁၅ ရက်

 

ဧရာဝတီတိုင်းမ် သတင်းဌာနတွင် ဖော်ပြခံရပြီးနောက် တောင်ငူမြို့ရှိ ကာစီနို လောင်းကစားရုံ ၅၀ ကျော်သည် အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းမှစ၍ အားလုံး ပိတ်သိမ်းသွားကြောင်း မြို့ခံများထံမှ သိရသည်။

 

တောင်ငူမြို့၌ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကာစီနို လောင်းကစားရုံ ၅၀ ကျော် ဖွင့်လှစ်ထားကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်တွင် ဧရာဝတီတိုင်းမ် က သတင်းရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

“မနေ့ည (အောက်တိုဘာ ၁၄) က ဂိမ်းဆော့မလို့ သွားလိုက်တာ ဆိုင်ပိတ်ထားတယ်။ အခြား ဂိမ်းဆိုင်တွေလည်း ပိတ်ထားတယ်။ စုံစမ်းကြည့်တော့ ဧရာဝတီတိုင်းမ် မှာ သတင်းတက်လာလို့ ပိတ်ထားတာလို့ ပြောတယ်” ဟု ကာစီနို ကစားသူ တောင်ငူမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

 

တောင်ငူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း၌ လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲမှုများ အလွန်များပြားလာခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

 

ဓာတ်ပုံ-CJ
ပုံစာ-တောင်ငူမြို့ပေါ်ရှိ လောင်းကစား ရုံအချို့ ပိတ်သိမ်းထားသည်ကို တွေ့ရစဉ်။