ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းက ဟိုင်းကြီးကျွန်းမြို့မှာရှိတဲ့ မော်တင်စွန်းဘုရားပွဲကို ပြန် လည်ကျင်းပ ဖို့အတွက် စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုဗစ်ကာလကစတင်ကာ ရောဂါကူးစက်မှုထိန်း ချုပ်နိုင်ဖို့အတွက် ပိတ်ထားခဲ့ရတဲ့ မော်တင်စွန်းဘုရားပွဲကို စစ်ကောင်စီက ပုံမှန်အခြေအနေအတိုင်း ပြည်သူတွေပျော်ရွှင်နေပြီဆိုတာပြချင်လို့ မဖြစ်မနေကျင်းပဖို့ ဖိအားပေးစီစဉ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ လုပ်မယ်ဆိုရင် ဘုရားပွဲက ဖေဖော်ဝါရီလကုန်ပတ်ကနေ မတ်လ ဒုတိယပတ်အထိလုပ်ရတာ မြန်မာလို ဆိုရင်တော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိလုပ်ရတာ ခုပြန်လုပ်ဖို့စီစဉ်နေတယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက မော်တင်စွန်းဘုရားပွဲပြုလုပ်ကျင်းပဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေကို အဆင့်ဆင့် ဖိအား ပေးပြီးစီစဉ်နေတာလို့ ဆိုပါတယ်။
မော်တင်စွန်းဘုရားပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့ အထိ ၁၅ ရက်ကြာပြုလုပ် သွားဖို့ စီစဉ်ထားပြီး ပြည်သူတွေပုံမှန်အတိုင်းပြန်လည်သွားလာနေတာမျိုး ဖြစ်စေချင်လို့ စစ်ကောင်စီက စီစဉ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – ကိုဗစ်ကာလမတိုင်မီမော်တင်စွန်းဘုရားပွဲကာလမြင်တွေ့ရစဉ်။