ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်
အမေရိကန်အစိုးရက ယူကရိန်းသို့ M1 Abrams တိုက်ပွဲဝင်တင့်ကားတွေ ထောက်ပံ့မယ်လို့ အမေရိကန်မီ ဒီယာတွေက ဖော်ပြနေပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းသို့ M1 Abrams တိုက်ပွဲဝင်တင့်ကားတွေ အမြောက်အများ ပေးပို့မယ်လို့ မျှော်မှန်းရကြောင်း The Wall Street ဂျာနယ်နဲ့ အခြားမီဒီယာတွေက အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုး ကားပြီး ဖော်ပြပါတယ်။
M1 Abrams တိုက်ပွဲဝင်တင့်ကားတွေပေးပို့ရေး သဘောတူညီချက်ကို ဒီသီတင်းပတ်အတွင်း ကြေညာနိုင် တယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။
ယူကရိန်းသို့ M1 Abrams တိုက်ပွဲဝင်တင့်ကားတွေ ပေးပို့တဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ် သက်လို့ ပြောစရာမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။
ယူကရိန်းသို့ တာလတ်နဲ့ တာဝေးပစ်ဒုံးကျည်တွေ ပေးပို့ရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက မဟာ မိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးရမယ်လို့ သူက ဆိုပါတယ်။
ဂျာမနီအစိုးရက ယူကရိန်းသို့ Leopard 2 တင့်ကားတွေ ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဂျာမနီမီဒီယာတွေ က ဇန်နဝါရီလ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းသို့ တိုက်ပွဲဝင်တင့်ကားတွေ ပေးပို့တာနဲ့ပတ်သက်လို့ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက သတိထား နေပြီး အဆိုပါကိစ္စကို လက်တွဲဆောင်ရွက်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; US Media: Washington poised to send Abrams main battle tanks to Ukraine