ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်

စစ်တပ်ရဲ့ အာဏာလုယူမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာ့
အကျပ်အတည်းဟာ သုံးနှစ်ရှိလာတော့မှာဖြစ် ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပဋိပက္ခဖြေရှင်းရာမှာ တိုးတက်မှု မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

မဆုတ်သာမ တိုးသာအခြေအနေကို အဖြေရှာဖို့ အာဆီယံအဖွဲ့က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက် မြို့တော်မှာ ဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှ ကိုယ်စားလှယ်အနည်းငယ်သာ တက်ရောက်ခဲ့တာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲနေတာ ပေါ်လွင်စေပါတယ်။ အဲဒီအစည်းအ ဝေး တက်ရောက်တဲ့ အာဆီယံနိုင်ငံအနည်းငယ်က အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်မှုကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းယူကာ အတိုက်အခံတွေကို နှိမ်နင်းပြီး အာဏာရလာသူ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာ၊ တစ်ပါတီစနစ် ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်က ဗီယက်နမ်နဲ့လာအို၊ ကမ္ဘောဒီးယား သက်တမ်းရှည် အာ ဏာရှင် ဟွန်ဆမ်တို့က အာဏာသိမ်းစစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိ အမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဗန်ကောက်မှာကျင်းပတဲ့ အစည်းအဝေးမတိုင်မီ တစ်ရက်အလို ဒီဇင်ဘာလ ၂၁ ရက်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်လိုမျိုး ၁၂ နိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးခဲ့ကြပြီး တ ရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေက ကြားနေမဲပေးခဲ့ပါတယ်။

တရားဝင် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို မည်သည့်အခါမျှ အသိအမှတ်မပြုဘူးဆိုတာ ပြင်းပြင်းထန်ထန် တစ်ညီတစ်ညွတ်တည်း ထုတ် ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံဟာ လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသရဲ့ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပါတယ်။ အာဆီယံ နိုင်ငံတွေကြား လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလိုမျိုး ဘုံစည်းမျဉ်းတွေအတွက် ကတိကဝတ်တွေ မရှိပါဘူး။

ဒါ့ကြောင့် အာဆီယံနိုင်ငံတွေဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အာဏာလွန်ဆွဲရာ နယ်မြေတစ်ခု ဖြစ် လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါတယ်။
အဆိုပါ အာဆီယံဘုံသဘောတူညီချက်ဟာ နှုတ်ကတိသာဖြစ်ခဲ့တာကြောင့် မြန်မာစစ်တပ်ရဲ့ တင်းကျပ် တဲ့အုပ်ချုပ်မှု မပြိုလဲသေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ ပိုပြီး အထီးကျန်ဆန်လာခဲ့ ပြီး ရုရှားနိုင်ငံနဲ့ နီးကပ်သွားပါတယ်။
နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရှိတာကြောင့် ရုရှားစစ်တပ်ရဲ့ နည်းပညာကို မြန်မာ စစ်တပ်သို့ လွှဲပြောင်းပေးနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။

ကိုးကား – Japan Forward
Ref; Japans Myanmar Diplomacy Can Only Work with ASEANs Cooperation