ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်
ယခင် အာဆီယံအလှည့်ကျဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံ ရေးပြဿနာတစ်ခုဖြစ်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဉီးဆောင်မှုအောက်မှာ အပြောင်းအလဲ ရှိလာမယ်လို့ လေ့လာသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာနဲ့ ပိုမို ထိတွေ့ဆက်ဆံမယ်လို့ အင်ဒိုနီးရှား ခေါင်းဆောင်ပိုင်းက ရှင်းရှင်းလင်း လင်း ပြောကြားခဲ့ပြီးဖြစ်တယ်လို့ အာဆီယံ ဒေသဆိုင်ရာ မလာယာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ရာဟူးလ်မီရှယာက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်ကောင်စီ အ ပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး သမ္မတ ဝီဒိုဒိုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေး နွေးပွဲမှာ စစ်ကောင်စီကို အာဆီယံအစည်းအဝေးအားလုံးမှ တက်ရောက်ခွင့်ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ရုံး ထူထောင်မယ်လို့ မကြာ သေးမီက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ချည်းကပ်မှုနဲ့ မူဝါဒက ခိုင်မာပြီး ရှင်းလင်းပေမယ့် မြန်မာ စစ်ကောင်စီက အာဆီယံဥက္ကဌရဲ့ အရေးယူမှုတွေကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မရှင်းလင်းဘူးလို့ လေ့လာသူတွေ က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ မြန် မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီ ယံအဖွဲ့က သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ် (5PC) ကို ဖော်ဆောင်ဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ နဲ့ ဘရူနိုင်းနိုင်ငံတို့က မြန်မာစစ်ကောင်စီကို အဆက်မပြတ် တိုက်တွန်းနေပါတယ်။
ဇန်နဝါရီလ ၉ ရက်က ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ တွေ့ဆုံမှုတစ်ခုအတွင်း အင်ဒိုနီးရှားသမ္မတ ဝီဒို ဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့က မြန်မာစစ်ကောင်စီရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင် ရေးတိုက်တွန်းချက်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
လက်ရှိအချိန် အာဏာသိမ်းစစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်ကို လျစ်လျှူရှုယုံသာမက သ ဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းနေပြီး လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၂၆၀၀ ကျော်ကို သတ် ဖြတ်ခဲ့ပါတယ်။
မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံဥက္ကဌတိုင်းအတွက် အဓိက စိန်ခေါ်မှုက စစ်ကောင်စီရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ အင်တင်တင်ဖြစ်နေမှုဖြစ်ပြီး ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒို နီးရှားနိုင်ငံကလည်း အလားတူစိန်ခေါ်မှု ကြုံတွေ့ရနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဘုံသဘောတူညီချက်ငါးရပ် မဟာဗျူဟာမြောက် ဖော်ဆောင်မှု ညှိနှိုင်းဆောင်ရွက်ဖို့ အထူးကိုယ်စား လှယ်ရုံး ထူထောင်တာအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးပမ်းမယ်လို့ Padjadjaran တက္ကသိုလ်မှ လူမှုရေးနဲ့ နိုင်ငံရေးသိပ္ပံဌာန အကြီးအကဲ အန်ဂီယာက ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ရုံး ထူထောင်မှုနဲ့အတူ အထူးကိုယ်စားလှယ်တွေ မဟာဗျူဟာမြောက် ရွေးချယ်ဖို့ အင်ဒိုနီးရှားနိုင်ငံအတွက် အရေးပါလာလိမ့်မယ် လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပဋိပက္ခဖြေရှင်းတာမှာ အတွေ့အကြုံရှိတဲ့ လူအများ လေးစားခံ ရတဲ့ပုဂ္ဂိုလ်တွေအပြင် အကြီးတန်းသံတမန်တွေ၊ ဝန်ကြီးတွေကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ရေး စဉ်းစားဖို့ အန်ဂီယာက အကြံပြုလိုက်ပါတယ်။
အာဆီယံရဲ့ အခြေခံစည်းမျဉ်းတွေ ထိန်းညှိဖိုနဲ့ လွတ်လပ်တက်ကြွသော နိုင်ငံခြားရေးမူဝါဒ လိုက်နာဖို့ လုပ်ဆောင်ရတာကြောင့် ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရေး အစီအမံတွေ တွန်းအားပေးဖို့ အင်ဒိုနီးရှား နိုင်ငံအတွက် စိန်ခေါ်မှုရှိပါလိမ့်မယ် လို့ သူက ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ ကတိကဝတ်တွေထက် ပိုလိုအပ်တယ်လို့လည်း အန်ဂီယာ က ထောက်ပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ကတိကဝတ်ကို အခြားသက်ဆိုင်သူတွေက ထောက်ခံရပါမယ် လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; 2023: A test for Indonesias ASEAN leadership mettle