ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင့်မြင့်ခရီးစဉ်တွေ၊ အာဏာသိမ်းစစ် ကောင်စီက ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်ရာ မြန်မာနိုင်ငံအနောက် ပိုင်း နယ်စပ်တစ်လျှောက် တိုက်ပွဲတွေနဲ့အတူ နှစ်သစ်ကူးကို ဖွင့်လှစ်လိုက်ပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်တဂွန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ သွားရောက်မှုတွေကြောင့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာ ဘော့စနီးယားပုံစံ လေယာဉ်မပျံသန်းရဇုန် (No-fly zone) သတ်မှတ်ဖို့ တက် တက်ကြွကြွ စဉ်းစားနေ သို့မဟုတ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ရိုက် စစ်ရေးအရ ကြားဝင်ဖျန်ဖြေမှု ကျင့်သုံးတော့မယ်ဆိုတဲ့ ထင်မြင်ယူဆချက် ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ No-fly zone ထိ ထိရောက်ရောက် သတ်မှတ်ဖို့ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံမှ သယ်ယူပို့ဆောင်ရေး အကူအညီ လိုအပ်မှာ ဖြစ်ပါတယ်။

အာဏာသိမ်း မြန်မာစစ်ကောင်စီကို အပြင်းအထန် ရှုတ်ချပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံး သတ်ဖို့နဲ့ သမ္မတ ဉီးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် တင်ပြကာ အမေရိကန်နဲ့ဗြိတိန်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့အရေး ပိုမို ထိရောက်စွာ ကြားဝင်ဖျန်ဖြေနိုင်ဖို့ ပထ မအဆင့်ခြေလှမ်းတစ်ရပ် စတင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲမှုက ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ဖြစ် လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက အဆိုပြုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့ တဲ့နှစ်အတွင်း အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံက အတည်ပြုခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ရည်ညွှန်းပြီး ထောက်ခံမဲ ၁၂ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

စစ်ရေးအရ အရေးယူတာထက် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ ပိုမိုနှစ်သက်တာ ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲရာမှာ အိန္ဒိယနိုင်ငံက တရုတ်၊ ရု ရှားလိုမျိုး ကြားနေမဲပေးခဲ့ပါတယ်။

နေတိုးအဖွဲ့က ဘော့စနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့သလိုမျိုး No-fly zone တစ်ခု သတ်မှတ်လိုက်မယ်ဆိုရင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကို ချိန်ခွင်လျှာထိန်းညှိစေမှာဖြစ် ပြီး ရခိုင့်တပ်တော် (AA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က နယ်မြေထိန်းချုပ်မှုတွေ ပိုမိုပြုလုပ်လာ နိုင်တဲ့ ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာစစ်တပ်က ရှုံးနိမ့်လာဖွယ်ရှိပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာစစ်တပ်က အဆိုပါပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ သာလွန် လေ ကြောင်းပစ်ကူကြောင့် အားသာချက်ရှိနေခဲ့တာဖြစ်ပါတယ်။ လူပေါင်း ၆၀ နီးပါး သေဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက် တိုဘာလအတွင်း KIA ကကျင်းပတဲ့ ဂီတဖျော်ဖြေပွဲ အခမ်းအနားတစ်ခုအပေါ် မြန်မာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြီးနောက် ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အလားတူဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် နယ်စပ်အနီး ချင်းအမျိုးသားတပ်ဉီး (CNF) နဲ့ PDF ရဲ့ စစ်စခန်းတစ်ခုဖြစ်တဲ့ Camp Victoria ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀၀၀ ကျော်ကို လက်ခံ ထားရတဲ့ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အစုလိုက်ဝင်ရောက်လာနိုင်တဲ့ အလားအလာ ကြောင့် အိန္ဒိယနိုင်ငံကို တုန်လှုန်စေခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်စေမယ့် No-fly zone သတ်မှတ်ရေးက တ ရုတ်နိုင်ငံ ကျောထောက်နောက်ခံ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ယူနန်ပြည်နယ်ကို ချိတ်ဆက်ပေးတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဖော်ဆောင်မှုကို ထိရောက်စွာ ကဖျက်ယဖျက်ဖြစ်လာစေနိုင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုဖြုတ်ချကာ မြန်မာစစ်တပ်ကို အင်အားချိနဲ့စေခြင်းအားဖြင့် အမေရိကန်နဲ့ မဟာမိတ်တွေက တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံရဲ့ မြေပြင်မှ ရေပြင်ဝင်ရောက်ခွင့်ကို ပိတ်ပင်မှာဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ ဘော့စနီးယားပုံစံ No-fly zone သတ်မှတ်ဖို့ အမေရိကန်နိုင်ငံရဲ့ အဆိုပြုချက်အတွက် အ ဓိက စိန်ခေါ်မှုတစ်ခုက ထောက်ပံ့ပို့ဆောင်ရေး ထူထောင်ဖို့ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် မြန်မာကမ်းလွန် ရှိ လေယာဉ်တင်သင်္ဘောတစ်စင်းက လေကြောင်းပစ်ကူပေးဖို့ လုံလောက်ပေမယ့် No-fly zone ဖြစ်လာရင် မြေ ပြင်အခြေပြု ထောက်ပံ့ရေးစနစ်တစ်ခု လိုအပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ No-fly zone ထိရောက်လာစေရေး ထောက်ပံ့ပို့ဆောင်ရေး အဆင်ပြေစေဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဆိပ်ကမ်းတွေကို အမေရိကန်နိုင်ငံက အသုံးပြုလိုတာဖြစ်ပါတယ်။ ရခိုင့်တပ်တော် (AA) ကို အခိုင်အမာ ထောက်ခံခြင်းက ရခိုင်ပြည်နယ် လွတ်လပ်ရေးနဲ့ ရိုဟင်ဂျာပြဿနာ အပြီးသတ်ဖြေရှင်းရေးကို ဖြစ်လာစေနိုင် တယ်ဆိုတာ အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရပ်နဲ့သက်သေပြပါလိမ့်မယ်။

ဒီလုပ်ရပ်ဟာ ဒီနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲ ဝင်ရတော့မယ့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အတွက် ဆွဲဆောင်မှုရှိသော အဆိုပြုချက်တစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ် ယူဖို့ ရခိုင့်တပ်တော် (AA) က ကတိပြုခဲ့ဖူးပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ် အယ် လင်းလူဘာချာနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒိုနယ်လ်လူတို့ဟာ မြန်မာဆိုင်ရာ အစီအစဉ်တွေ ရှေ့ဆက် လုပ်ဆောင်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိအားတိုးမြှင်ပေးဖို့ ဒါကာမြို့တော်ကို လာရောက်ခဲ့ပါတယ်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ပြီးဆုံးခါနီးမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်ဟာ အာ ဖရိကတိုက်သို့သွားရောက်တဲ့ ခရီးစဉ်အတွင်း ဒါကာမြို့မှာ ခရီးတစ်ထောက်နားခဲ့ပြီး လေဆိပ်မှာ နိုင်ငံခြားရေးဝန် ကြီး အဗ္ဗဒူမိုမန်နဲ့ နှစ်နာရီကြာ တွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်ကောင်စီကိုဖြုတ်ချဖို့အရေး အမေရိကန်နဲ့မဟာမိတ်တွေရဲ့ No-fly zone သတ် မှတ်ပါက ဆိပ်ကမ်းအသုံးပြုခွင့် တောင်းဆိုချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငြင်းဆန်နိုင်ရဲပါသလား။ သေချာ တာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနောက်တိုင်း ဒီမိကရေစီနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ယှဉ်ပြိုင်မှုမှာ ကြား ညှပ်နေတာပဲဖြစ်ပါတယ်။

BBC နဲ့ Reuters သတင်းထောက်ဟောင်း Subir Bhaumik ရေးသားတဲ့ Will US do a Bosnia on Myanmar? No-fly-zone move may involve India ကို ဆီလျှော်အောင် ဘာသာပြန်ထားပါတယ်။