ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်

တရုတ်နိုင်ငံတွင် လူဆယ်ဉီးလျင် ရှစ်ဉီးက ကိုဗစ်-၁၉ ကူးစက်မှုခံခဲ့ရတယ်လို့ ထင်ရှားသော သိပ္ပံပညာ ရှင်တစ်ဉီးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါက တရုတ်ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်တဲ့ ပြည်သူ ၁ ဒသမ ၄ ဘီလယံ ခန့်ကို ကူးစက်ခဲ့ပြီးဖြစ်တယ်လို့ တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာနမှ ကူးစက်ရောဂါ တားဆီးရေးပညာရှင် ဝူဇန်ကျိူးက နှစ်သစ်ကူးအကြိုနေ့ ဇန်နဝါရီလ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးကာလအတွင်း ပြည်သူအများအပြားက ခရီးသွားလာနေခြင်းကြောင့် ကိုဗစ်ပိုး ပျံ့နှံ့ ကာ ကူးစက်မှုဒုတိယလှိုင်း ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။
လာမယ့် နှစ်လကနေ သုံးလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုဒုတိယလှိုင်း ဖြစ်လာ နိုင်ပါတယ် လို့ သူက ဆိုပါတယ်။

လွန်ခဲ့သောသုံးနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မိသားစုတွေ ပြန် လည်ဆုံစည်းဖို့ ရက် ၄၀ ကြာ နှစ်သစ်ကူးပွဲတော်ကာလအတွင်း ပြည်သူ ၂ ဘီလီယံခန့်ဟာ မွေးရပ်မြေကို ပြန်ကြ မယ်လို့ တရုတ် ပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

နှစ်သစ်ကူးပွဲတော် မစတင်မီ ပြည်သူ ၄ ဒသမ ၁ သန်းက ရထားနဲ့ ခရီးသွားခဲ့သလို ၇၅၀၀၀၀ ကျော်က လေကြောင်းနဲ့ သွားလာခဲ့တယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်အထိ တရုတ်ပြည်သူ သန်း ၉၀၀ ကျော် သို့မဟုတ် နိုင်ငံ့လူဉီးရေရဲ့ ၆၄ ရာခိုင်နှုန်း ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ပီကင်းတက္ကသိုလ်ရဲ့ သုတေသနအရ သိရပါတယ်။

ဆေးရုံတွေမှာ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ ကိုဗစ်လူနာအရေအတွက်ဟာ အမြင့်ဆုံးအဆင့် ရောက်ရှိလာပြီး ဆေးရုံကုတင်တွေ မလောက်ဘူးလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက ကိုဗစ်ကူးစက်မှုသုည မူဝါဒတွေ ရုတ်သိမ်းပြီးနောက် ဒီဇင်ဘာလ ၈ ရက်မှ ဇန်နဝါရီလ ၁၂ ရက်အတွင်း ကိုဗစ်လူနာ ၆၀၀၀၀ နီးပါး ဆေးရုံတွေမှာ သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ အချက်အ လက်တွေအရ သိရပါတယ်။

ကိုးကား – CNN
Ref; China says 80% of population have had Covid-19, as millions travel for Lunar New Year