ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

ကရင်နီ(ကယား)ပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်များအခိုင်အမာ တပ်စွဲထားသည့် မယ်စလောင်တောင်ကုန်းအား ကရင်နီပူပေါင်းတပ်ဖွဲ့ (၇)ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ကောင်စီတပ်များ အခိုင်အမာတပ်စွဲထားသည့် မယ်စလောင်တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် ညဥ့်ဦးယံမှ မနက် ၉ နာရီ ခွဲအချိန်အထိ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဥ်တစ်စီးဖြင့် ၃ ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များမှလည်း လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့သော်လည်း ကရင်နီပူပေါင်းတပ်ဖွဲ့များမှ တောင်ကုန်းအားသိမ်ပိုက်နိုင်ခဲ့ပြီ မီးရှိူ့ ဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။

မယ်စလောင်း တောင်ကုန်းအား သိမ်းပိုက်ပြီချိန်တွင် စစ်ကောင်စီဘက်မှ ရုပ်အလောင်း ၅ လောင်း ကျန်ရစ်ခဲ့ပြီး စစစ်ကောင်စီတပ်များ အသုံးပြု့ခဲ့သည့် ၆၀ မမ စိန်ပြောင်း ၂ လက် ၊ RPG. ၁ လက် ၊ MA -2 ၁ လက် ၊ MA -3 ၁ လက် ၊ MA – 4 79 တွဲ ၁ လက် ၊ 9 mm. ၁ လက် ၊ ငါးကြင်းမြီး ၁ လက် ၊ စနိုက်ပါ ၁ လက် ၊ မိုင်း ၊ ခဲ ယမ်းကျည်ဆံများနှင့်အခြားပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်စွဲထာသော မယ်စလောင်တောင်ကုန်းအားသိမ်းပိုက်နေချိန်တွင်KA ၊ KNDF B 21. KNDF B 10 ဘောလခဲ PDF တို့မှ စစ်ကောင်စီ၏ မြို့တွင်းစခန်းအချို့အားဝင်ရောက်တိုက်ခိုက်ခဲ့ပြီ အထိအခိုက်ကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မယ်စလောင်း တောင်ကုန်းအား တိုက်ခိုက်မှုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Kara​nni Commando ၊ KA၊ KNDF B 15 ၊ KNDF B 16 ၊ KNDF B 09 ၊ Loikaw PDF. DMO PDF တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပြီ ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မယ်စလောင်တောင်ကုန်းမှာ ဒေသခံပြည်သူများအားလက်နက်ကြီးများဖြင့် ညစဥ်ပစ်ခတ်နေသည့် စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်ကြောင်း KNDF ထံမှသိရသည်။