ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကစဉ့်ကလျားအခြေအနေက အာဆီယံအဖွဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် တစ်ခုတည်း သော ပြဿနာမဟုတ်ဖူးလို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကစဉ့်ကလျားအခြေအနေက ရှုပ်ထွေးသော ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ အင်ဒိုနီး ရှား သံတမန်တစ်ဉီးက မကြာသေးမီက ဝန်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေး စိန်ခေါ်မှုတွေကို အလိုက်သင့် တုံ့ပြန်တတ်တဲ့ အဖွဲ့ဖြစ်ရေး အာဆီယံရဲ့ကြိုးပမ်းမှုတွေကို မရပ်တန့်နိုင်ဘူးလို့ သူက ဆိုပါတယ်။
အာဆီယံဟာ ပြဿနာတစ်ခုတည်းကြုံတွေ့နေရတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။ မြန်မာ့အရေး ကြောင့် အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်မခံပါဘူး လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံ ပူးပေါင်းဆောင်ရွက် ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆီဒါတိုက ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအ ညီ ပေးအပ်ရေးကို အာဆီယံက အားပေးမယ်လို့ သူက ပြောပါတယ်။ မြန်မာ့အရေးဟာ အလွန်ရှုပ်ထွေးတာ ကြောင့် မြန်မာပြည်သူတွေကိုယ်တိုင် ဖြေရှင်းမှရပါမယ် လို့ ဆီဒါတိုက ဆိုပါတယ်။
အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက် ခွင့် ပိတ်ပင်ထားပါတယ်။ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကြောင့် စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူဖို့ အာဆီယံအဖွဲ့ အစီအစဉ်ရှိ မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။
အာဆီယံအဖွဲ့က ဘာလုပ်လုပ် အများဆန္ဒနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ အများသဘောတူရင် စစ် ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာအဆင့်မှာတော့ ခရီးသွားလာခွင့်ပိတ်ပင်တာ သို့မ ဟုတ် ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာတွေ ပြုလုပ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အရ ပိုင်ဆိုင် မှုတွေ သိမ်းဆည်းတာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စစ်ကောင်စီကို အစည်အဝေးတွေမှာ မဖိတ်ကြားပါဘူး လို့ သူက ဖြေဆိုပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုပေမယ့် မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာနဲ့ နိုင်ငံ့အလံကို ထားရှိတယ်လို့ သူက ဆိုပါတယ်။