ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

မနေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်စစ်သွေးကြွအဖွဲ့နှစ်ဖွဲ့ ကြား တစ်နာရီကြာတိုက်ပွဲမှာ လူတစ်ဉီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရသတင်းရင်းမြစ် တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ နယ်စပ်ခရိုင် ဘန်ဒါဘန်းရှိ နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ပါ။ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲတဲ့ ရို ဟင်ဂျာ ၅၀၀၀ နီးပါးဟာ ယာယီတဲအိမ်တွေဆောက်ပြီး အဲဒီနေရာမှာ နေထိုင်နေတာပါ။

“မနေ့ကမနက်ပိုင်းကတည်းက မြန်မာစစ်သွေးကြွတွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နယ်စပ်အနီးနေ ထိုင်တဲ့ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပါတယ်” လို့ ဒေသန္တရ တာဝန်ရှိသူ ဂျာဟန်ဂျာအ ဇက်က ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေနေထိုင်ရာတဲအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။ RSO နဲ့ ARSA တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသန္တရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သူက ပြောပါတယ်။

တဲအိမ်တွေ မီးရှို့ခံရတဲ့ ဓာတ်ပုံတွေ၊ ရုပ်သံဖိုင်းတွေကို အမည်မဖော်လိုတဲ့ တိုက်ပွဲဖြစ်ရာနေရာအနီး နေ ထိုင်တဲ့ ရိုဟင်ဂျာတစ်ဉီးက မျှဝေခဲ့ပြီး တိုက်ပွဲအတွင်း ခွဲထွက်ရေးသမားနှစ်ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

နယ်စပ်အနီး Zero Line မှာ ရိုဟင်ဂျာနှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ခရိုင်အုပ်ချုပ်ရေးမှူး ယက်စ် မင်းပါဗင်ကို ကိုးကားပြီး Dhaka Tribune သတင်းစာက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်က နယ်စပ်အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မြန်မာစစ်တပ်က လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်နှစ်ဉီး သေဆုံးကာ ငါးဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာစစ်တပ်မှ ဂျက်တိုက်လေယာဉ်တွေကလည်း ခွဲထွက်ရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ယခင်က ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ကို အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; 1 killed, several injured in armed clashes along Bangladesh-Myanmar border