
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမ်လိုင်းကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ(၆)ရက်နေ့၊ ညနေ(၆)နာရီအချိန်ခန့်က CDF-Matupi နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း CDF-Matupiမှ သတင်းထုတ်ပြန်သည်။
” အမ်လိုင်းကျေးရွာကို ဝင်ရောက်လာကြတဲ့စစ်ကောင်စီတပ်နဲ့ ညနေ(၆)နာရီမှာ ဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ပွားတယ်၊ တိုက်ပွဲက မိနစ်(၃၀)ကျော်ခန့်ကြာတယ်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်” ဟု CDF-Matupiမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတိယအကြိမ်တိုက်ပွဲတွင် CDF-Matupiမှ ရဲဘော်ဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပြီး ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ(၂)ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း(၅)ဦးသေဆုံးခဲ့ကြောင်း CDF-Matupiမှ သတင်းထုတ်ပြန်ချက်အရသိရသည်။