ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ မန္တလေး မုံရွာလမ်းမကြီးပေါ်တွင် အင်အား ၃၀ ဝန်းကျင်လိုက်ပါလာသည့် စစ်ကောင်စီကား ၁ စီးကို ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဒေသကာ
ကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီကားသည် နတ်ခရိုင် နှင့် လယ်ကြီးကြား အရောက်တွင် မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီ ယာဥ်မောင်းအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ZERO ပြောက်ကျားအဖွဲ့ဝင်းများပြောသည်။

“ကျတော်တို့အဖွဲ့က စောင့်ပြီးတော့ ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်တာ ကားရဲ့ရှေ့ခေါင်းကို ထိထိမိမိ ထိသွားပြီး ကားမောင်း အပါဝင် ၅ ဦး သေဆုံးပြီး ၁၅ ယောက်လောက်ဒဏ်ရာရသွားတယ်။ ကားကလဲ ထိုးရပ်သွားတယ်၊ အဲ့ကားကို အနီးမှာရှိတဲ့တပ်ထဲကို ဆွဲယူသွားကြတယ်။ သူတို့အဖွဲ့က ပြန်လည်ပစ်ခတ်ပေမယ့် ကျတော်တို့အဖွဲ့တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ ကျတော်တို့အနေနဲ့ အခုနှစ်မှာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ အရှိန်ဟုန်နဲ့ဆက်လက် လုပ်ဆောင်သွားမှာ”လို့ ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုတိုက်ပွဲကို ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံ နှင့် အတူ သရဲနီ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO တပ်ဖွဲ့ဝင်များက ပြောသည်။