ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်
အာဏာသိမ်းခေါင်းဆောင်တွေထံ သူလျှိုဆော့ဝဲလ်ရောင်းချရာမှာ ပါဝင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော် ပြပြီးနောက် အစ္စရေးကုမ္ပဏီတစ်ခုနဲ့ တာဝန်ရှိသူတွေဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
တဲအဗစ်မြို့တော်မှာ ရုံးချုပ်ရှိတဲ့ အစ္စရေးကုမ္ပဏီ Cognyte ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမ သိမ်းမီ တစ်လအလိုမှာ မြန်မာနိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီထံ ကြားဖြတ်နားထောင်တဲ့ သူလျှို့ဆော့ဝဲလ် ရောင်းချဖို့ တင်ဒါအောင်မြင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့တဲ့ မှတ်တမ်းတွေက ဖော်ပြပါ တယ်။
တရားရုံးချုပ်ရဲ့ ၂၀၁၇ ခုနှစ် စီရင်ချက်ကြောင့် မြန်မာနိုင်ငံသို့ ကာကွယ်ရေးနည်းပညာ လွှဲပြောင်းပေးမှု ရပ်တန့်ခဲ့တယ်လို့ အစ္စရေးအစိုးရက ပြောကြားခဲ့ပေမယ့် သဘောတူညီချက် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တရားရုံးချုပ်ရဲ့ စီရင်ချက်အတွက် ဉီးဆောင်ခဲ့သူ လူ့အခွင့်အရေးရှေ့နေ အီတေးမတ်ခ်က သဘောတူညီ ချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
Cognyte ကုမ္ပဏီနဲ့ အမည်မဖော်လိုသော ကာကွယ် ရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတွေဟာ မြန်မာနိုင်ငံက လူသားမဆန်သော ရာဇဝတ်မှုတွေကို ကူညီတဲ့ သဘောတူညီချက်တွေကို ကြီးကြပ်ခဲ့ တယ်လို့ သူက ဆိုပါတယ်။
သူလျှိုဆော့ဝဲလ်ဆိုတာ အာဏာပိုင်တွေကို ဆက်သွယ်ရေးနဲ့ အင်တာနက်ကုမ္ပဏီတွေရဲ့ အကူအညီမပါ ဘဲ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်တာ၊ စာသားတွေ ကြည့်ရှုတာ၊ အီးမေးလ်တွေ စစ်ဆေးတာနဲ့ အသုံး ပြုသူရဲ့ တည်နေရာကို ခြေရာခံနိုင်အောင် လုပ်ပိုင်ခွင့်တွေ ပေးအပ်တာဖြစ်ပါတယ်။