ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်အင်ဂျင်နီယာဌာနက ဒေသခံတွေကို လျှပ်စစ် မီတာက ကြွေးကျန်တွေကို ငွေ ၂ သိန်းကနေ ၆ သိန်းကြားတောင်ယူနေတယ်လို့ သိရါတယ်။

မီတာမဆောင်ရင် မီးဖြတ်မယ်လို့ဆိုကာ မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်အော်ပြီး မီတာသွားဆောင်တဲ့အခါ အရင်ကအကြွေးဆိုပြီး ၂ သိန်းကနေ ၆ သိန်းကြားတောင်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ခုကအကြမ်းဖက်တောင်းနေတာ မဆောင်ရင်ဖြတ်မယ်၊ ဆောင်ပြန်တော့လည်း သိန်းနဲ့ချီဆောင်နေရတယ်၊ အရင်က အကြွေးမရှိတာလည်း ရှိတယ်ဆိုပြီး လုပ်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုလိုမျိုး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ပြည်သူတွေအပေါ်မျိုးစုံဖိနှိပ်နေတာတွေကို PDF တွေကိုလည်း သိစေချင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက မီတာရုံးကို ဗုံးခွဲပေးဖို့အတွက်လည်း ဒေသခံတွေက တောင်းဆိုတာ ရှိခဲ့ဘူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။