ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

ဇန်နဝါရီလ ၄ ရက်ဟာ မြန်မာနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခမ်းအနား ဖြစ် ခဲ့ပါတယ်။ ပုံမှန်အခြေအနေဆိုရင် စိန်ရတုလွတ်လပ် ရေးနေ့အဖြစ် ရည်ညွှန်းတဲ့ အဲဒီအခမ်းအနားကို ကြီးကျယ် ခမ်းနားမှု၊ ပျော်ရွှင်မှုတွေနဲ့ ကျင်းပလေ့ရှိပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးနေ့မှာ ပျော်ရွှင်ရမယ့်အစား စစ်ပွဲကိုသာ ကြုံတွေ့နေရပါ တယ်။ ရွေးကောက်ခံ လွှတ်တော်အစည်းအဝေး မကျင်းပနိုင်အောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ တရားမဝင် အာ ဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင် စီဟာ လက်နက်မဲ့ အရပ်သားတွေနဲ့ လက် နက်ကိုင် ခုခံတော်လှန်ရေးတပ်ဖွဲ့ တွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

အရပ်သား အသိုင်းအဝိုင်းတွေအပေါ် မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၃၆၁ ရာခိုင် နှုန်း တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ် လေကြောင်းတိုက်ခိုက်မှု ၈၁ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အတွင်း ၃၇၄ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ACLED ရဲ့ ဖေဖော်ဝါရီမှ နိုဝင်ဘာလအထိ မှတ်တမ်းတင်တဲ့ အချက်အလက်တွေအရ သိရ ပါတယ်။

မြန်မာနိုင်ငံဟာ အရပ်သားတွေကို အကြမ်းဖက်တာ၊ လုယူတာနဲ့ပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးတာ စတဲ့ ဖြစ်စဉ်တွေ အများဆုံးဖြစ်တဲ့တိုင်းပြည်ဖြစ်ပါတယ် ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက် နက်ကြီး ပစ်ခတ်မှုတွေက နေအိမ်တွေ၊ စာသင် ကျောင်းတွေ၊ ဆေးရုံတွေ၊ သာသနိကအဆောက် အအုံတွေကို ပစ်မှတ်ထားခဲ့ တာကြောင့် မကြုံစဖူး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ် ဖြစ်လာစေခဲ့ပါတယ်။

ဒါတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာလု ယူမှုအတွက် မြေပြင်မှာ ရှုံးနိမ့်နေတာကို လက် တုံ့ပြန် တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ မြန်မာ နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ အနက် ၇၂ မြို့နယ်မှာသာ ပိုင်နက်နယ်မြေ ထိန်းချုပ်နိုင်တာကြောင့် တိုင်း ပြည်ရဲ့ ၁၇ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်ပါတော့တယ်။

စစ်ကောင်စီတော်လှန်ရေး တပ်ဖွဲ့တွေကတော့ တိုင်းပြည်ပိုင်နက်နယ်မြေရဲ့ ၅၂ ရာခိုင်နှုန်းဖြစ်တဲ့ မြို့နယ် ၁၂၇ မြို့နယ်ကို ထိန်းချုပ်ထားပါ တယ်။

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို လက်နက်နဲ့လူအင်အား မယှဉ်သာပေမယ့် ၂၀၂၂ ခုနှစ်အတွင်း နှစ်ဖက်ကြား တိုက်ပွဲ ၃၁၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၁၉၂၁ ကြိမ်သာ ဖြစ်ပွားခဲ့ပါ တယ်။ ၂၀၂၂ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု ၉၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းစစ်က မြန်မာ့စီးပွားရေးကို သေချာပေါက် အကျိုးသက်ရောက်မှုရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေဟာ ၆၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါတယ်။

အာဆီယံက မြန်မာ့အရေးကို စိုးရိမ်ပူပန်ပြီး အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ထိပ် သီးဆွေးနွေးပွဲမှာ လွန်ခဲ့သော လ ၂၀ က ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မယ့်အစီအစဉ် ရှေ့ ဆက်လုပ်ဆောင်တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မူလက သဘောတူခဲ့တဲ့ တူညီဆန္ဒငါးရပ်ဟာ အ ကြမ်းဖက်မှုတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှု အကူအညီဖြေရှင်းဖို့နဲ့ သက်ဆိုင်သူအားလုံးကို ဆွေးနွေးရေးစား ပွဲဝိုင်းသို့ ခေါ်ဆောင်ရေးတို့ ပါဝင်ပါတယ်။

ထိရောက်မှုရှိသော အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဟာ အရပ်ဘက်နဲ့ နိုင်ငံရေး အခွင့်အရေးတွေကို အာမခံမှုရှိတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတသော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော အဆုံးသတ်အစီ အစဉ်တစ်ခု လိုအပ်ပါတယ်။

အဲဒီအစီအစဉ်မှာ သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ညှိနှိုင်းဖို့လည်း ပါဝင်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုမှာ အားလုံး ပါဝင်သော အလှူရှင်ညီလာခံကျင်းပရေး၊ တာဝန်ခံမှုရှိသော အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်၊ ဒီမိုကရေစီနည်း ကျ ရွေးဆွဲထားတဲ့ ပြည်သူ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူ့ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့အညီ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲကျင်းပရေး ပါဝင်ပါတယ်။

တရားမဝင်အုပ်ချုပ်မှု တရားဝင်ဖြစ်စေဖို့ ဒီနှစ်အတွင်း အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ မင်း အောင်လှိုင်ရဲ့ အစီအစဉ်ဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

တစ်ဘဝတာလုံး အကျဉ်းချထားဖို့ရည်ရွယ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက ထပ်မံ ပြစ်ဒဏ်ချမှတ်တာဟာ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ပြ နေပါတယ်။

တက်ကြွလှုပ်ရှားသူတွေက “မင်းအောင်လှိုင်ရွေးကောက်ပွဲ” လို့ ခေါ်ဆိုနေကြတဲ့ အတုအယောင်ရွေး ကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကို လျော့ချစေမှာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ အတုအယောင် ရွေး ကောက်ပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးနဲ့ လူသားလုံခြုံမှု ရိုက်ခတ်ခံနေရဆဲ ဒေသတွေမှာ ရေရှည် အကျိုးသက်ရောက်မှုတွေနဲ့အတူ ပဋိပက္ခနဲ့ စီးပွားရေး ကစဉ့်ကလျားဖြစ်မှုကို ပိုဆိုးရွားစေမှာသာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ထောက်ခံသူတွေကိုသာ အကျိုးဖြစ်စေမယ့် အတုအယောင် ရွေးကောက်ပွဲကို အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ပယ်ချဖို့ အသုံးပြုဖွယ်ရှိပါတယ်။

အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးကို လွယ်ကူစွာ ဖြေရှင်းနိုင်ဖို့ တော့ မလွယ်ကူပါဘူး။ စစ်ကောင်စီ သို့မဟုတ် မြန်မာစစ်တပ်က အာဆီယံကိုပေးထားတဲ့ ကတိကဝတ် ဖြည့် ဆည်းဖို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ဘုံသဘောတူညီချက်ငါးရပ်ကို ကျောထောက်နောက်ခံပြုတဲ့ အခြေခံစည်းမျဉ်းတွေ ကို လိုက်နာခြင်းဖြင့် အာဆီယံအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ တရားဝင်မှုကို မြှင့်တင်နိုင်တဲ့စွမ်းရည် ရှိပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အခုလို အရေးပါတဲ့နှစ်မှာ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာတွေ မဟာ ဗျူဟာကျကျ အရှိန်မြှင့်ဖို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို နိုင်ငံတကာကထောက် ခံလာအောင် ဆွဲဆောင် နိုင်တဲ့ အခွင့်အလမ်း အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် The Straits Times သတင်းစာမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာ ရေးသားထားတဲ့ Sham election will only prolo

ဓာတ်ပုံ – Getty (Thet Aung)