ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာ အနီး စစ်ကောင်စီတပ်ဂိတ်ကို ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ဒေသကာကွယ် ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါကျွန်းဖိုပင်ရွာအနီးစစ်ကောင်စီတပ်ဂိတ်သည် လမ်းတလျှောက်ရှိ လမ်းသွားလမ်းလာပြည်သူများကို မတရားဖမ်းဆီးငွေတောင်းခံမှုများ ပြုလုပ်နေသဖြင့် ဒရုန်းဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဘက်မှ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။

“သူတို့အင်အားက ၃၀ ဝန်းကျင်ခန့်လောက်ရှိတယ်၊ကျတော်တို့က ဒရုန်းနဲ့ ၄နေရာခွဲပြီး တိုက်ခိုက်ကြတာပါ၊စစ်ကောင်စီဘက် က၂ယောက်ကျဆုံးပြီး အများပြားဒဏ်ရာ ရကြပါတယ်၊သူတို့ဘက်က ရမ်းသမ်းပြီး လိုက်ပစ်ခတ်ပေမယ့် ကျတော်တို့ဘက်က အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်၊မိဘပြည်သူများ အနေ ဖြင့် မစ်ရှင်များ ဆက်လက်လုပ်ဆောင်နိုင်အောင် ကူ ညီထောက်ပံ့ပေးကြပါဦး” ဟု Danger Force LPDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF၊ Ngwe Dwin Revolution Force (NDRF)၊ MRTF တပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing (ABN – PDF)၊ မိုင်းမင်းသား မြေအောက်ပျောက်ကျားတပ်ဖွဲ့၊ IBEX တပ်ဖွဲ့ နှင့် ပတ္တမြားညီနောင် ပြောက် ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

…………………………………………..

Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

https://www.facebook.com/508784185946254/posts/pfbid02UbLWRaRRLDMAcUUmgi8g9an4qGvoDaVjX8Pjs5SFujqYpWKVgiLixeqkH9YPvhtBl/

.