ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်မြို့နယ် ၊ လယ်ကြီးရွာ နှင့် နတ်ခရိုင်းရွာကြားတွင် ယနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် မှ အရာရှိအတွက် မနက်စာလာယူသည့် စစ်ကောင်စီတပ်သားများကို Zero ပြောက်ကျားတပ်ဖွဲ့နှင့်သရဲနီအဖွဲ့ကမိုင်းထောင်ရှင်းလင်းခဲ့ကြောင်း Zeroပြောက်ကြားတပ်ဖွဲ့ထံမှသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၄ နာရီ မိနှစ် ၂၀ ခန့်တွင် ခြေတော်ရာနှုန်းတွင်းတပ်(ခေါ်) သံချပ်ကာကွပ်ကဲရေးဌာနချုပ် (၇၂)တပ်မှ အရာရှိအတွက် မနက်စာလာယူသည့် ဆိုင်ကယ်နှစ်စီးနှင့် စစ်ကောင်စီတပ်သား ၄ ယောက်ကို လယ်ကြီးကျေးရွာနှင့်နတ်ခရိုင်ရွာကြားတွင် အပြင်းစားမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်တစ်စီးတစ်စစီပျက်စီးသွားပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာဖြင့် ပြန်လည်မောင်းပြေးသွားကြောင်း Zeroပြောက်ကြားတပ်ဖွဲ့ဝင်များက ပြောသည်။

“ဒီကောင်တွေမနက်ပိုင်းလာမယ်ဆိုတာသိလို့ ကျနော်တို့စောင့်နေတာ။ တိုက်ဆိုင်ချင်တော့ ဒီနေ့ထွက်လာတယ်။ ဆိုင်ကယ် ၂ စီး လူ ၄ယောက်နဲ့ မိုင်းထောင်ထားတဲ့နေရာအရောက်မှာ မိုင်း၃ လုံးခွဲပြီးတိုက်တာ။ ဆိုင်ကယ်တစ်စီးက တစ်စစီဖြစ်သွားတယ်။ လူတွေက ပေါ်မြောက်ပြီပြန်ကျတာတစ်ခါထဲပွဲချင်းပြီးပဲ။ ကျွန်တော့်ရဲဘော်တွေလည်းသေနတ်ပြေးကောက်တော့ ကျန်တစ်စီးက ပြေးရင်းနဲ့နောက်ကကောင်က ပြန်ပစ်တော့သေနတ်မကောက်ပဲကလေးတွေလည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု Zero တပ်ဖွဲ့မှအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နှင့် သရဲနီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
၂၀၂၃ခုနှစ်တွင် NUG အစိုးရ၏ ပြင်ဆင်တိုက်ခိုက်သိမ်းပိုက်ချိန်အတိုင်း ဆက်လက်ပြင်ဆင်ထားပြီး တိုက်ခိုက်ချိန်တွင်လည်း အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Zeroပြောက်ကြားတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။

#သံချပ်ကာကွပ်ကဲရေးဌာနချုပ် #အရာရှိ #မနက်စာ #စစ်ကောင်စီ #PDF #မိုင်းခွဲတိုက်ခိုက် #သေဆုံး
#Ayeyarwaddy_Times